ထိုင်းဘက်က ရက် ၂၀ နီးပါးကြာ စက်သုံးဆီ ဖြတ်တောက်ထားတဲ့ မြဝတီမြို့မှာ လက်ရှိအချိန်အထိ ဆီဈေး မြင့်တက်နေ

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ထဲကို ထိုင်းဘက်က စက်သုံးဆီ ရက် ၂၀ နီးပါးအကြာ ဖြတ်တောက်ခံထားရလို့ ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်အထိ စက်သုံးဆီဈေး မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန် လုပ်ငန်းလုပ်ကိုင်နေသူ ၂ ထောင်ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီ ပြော

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ KK park စတဲ့နေရာမှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ (၂,၂၀၀)ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ ၁ ထောင်ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီ ပြော

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ KK Park စတဲ့နေရာက အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ (၁,၀၃၀)ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီနဲ့ ထိုင်းက မြဝတီမြို့ဘက် စက်သုံးဆီ သယ်ယူခွင့် ဆက်လက် ပိတ်ထားတာကြောင့် ဒေသခံတွေ အခက်တွေ့

စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ထဲ စက်သုံးဆီ သယ်ယူပို့ဆောင်ခွင့် မပေးတာနဲ့ ထိုင်းနိုင်ငံဘက်က ကျားဖြန်တွေ အခြေချတပ်စွဲထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြဝတီမြို့ထဲ စက်သုံးဆီနဲ့လျှပ်စစ်မီး ဖြတ်တောက်ခဲ့တာကြောင့် စက်သုံးဆီ ပြတ်လပ်တဲ့ ပြဿနာကို ဒေသခံတွေ ကြုံနေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မြဝတီဒေသခံတွေ မဲဆောက်မြို့အထိ စက်သုံးဆီ သွားဝယ်နေရ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ထိုင်းဘက်က စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်တာကြောင့် ဒေသခံတွေက ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ စက်သုံးဆီအတွက် တန်းစီပြီး သွားရောက် ဝယ်ယူနေရတယ်လို့ မြဝတီမြို့ခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မြဝတီမြို့မှာ စက်သုံးဆီ တစ်လီတာ ၁ သောင်းခွဲအထိ ဈေးမြင့်တက်နေပြီး နေရာတချို့မှာ ပြတ်လပ်နေ

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ထိုင်းဘက်က စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်တာကြောင့် စက်သုံးဆီ တစ်လီတာ ၁ သောင်းခွဲအထိ ဈေးမြှင့်နေပြီး နေရာတချို့မှာတော့ စက်သုံးဆီ ပြတ်လပ်နေတယ်လို့ မြဝတီဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။