မြိုင်မြို့နယ် တဲကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီး

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြိုင်နယ်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြိုင်မြို့နယ် ရွာတန်းရှည်ရွာခံ ၂ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

မကွေးတိုင်း မြိုင်မြို့နယ်ထဲ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ရွာခံ ၂ ဦးကို ဓားနဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီ‌မြေကို ပြောပါတယ်။

မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ကို စစ်ကောင်စီတပ်မှ ၃ ရက်ဆက်တိုက် စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက်၊ ၁၇ ရက်နဲ့ ဒီနေ့ ၁၈ ရက်တို့မှာ စက်တပ်လေထီး (paramotor) နဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြိုင်နဲ့ပေါက်မြို့နယ်တွေကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၅ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေကို စစ်ကောင်စီတပ်ဘက်က ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရွှေဖီမြေကိုပြောပါတယ်။

မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ရှိ နသတ်ရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရကာ နေအိမ် ၂ လုံး ပျက်စီး

မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ရှိ နသတ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

မြိုင်မြို့နယ် ဗဟင်းရွာ လေကြောင်းတိုက်ခိုက်ခံရ၊ PDF ရဲဘော် ၄ ဦးနဲ့ ဒေသခံ ၂ဦး စုစုပေါင်း ၆ဦး သေဆုံး

မကွေးတိုင်း မြိုင်မြို့နယ် အနောက်မြောက်ဘက်ခြမ်းက ဗဟင်းရွာက စာသင်ကျောင်းအနီးမှာ ရှိတဲ့ ထမင်းဆိုင်တစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော် ၄ ဦး အပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

မြိုင်မြို့နယ် ဝယ်တောင်ရွာ ဘုန်းကြီးကျောင်း လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ကိုရင်ကြီးတစ်ပါး အပါအဝင် ၃ ဦး‌ သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

မကွေးတိုင်း မြိုင်မြို့နယ် ဝယ်တောင်ရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုရင်ကြီးတစ်ပါးအပါအဝင် ၃ ဦး‌ သေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။

မြိုင်မြို့နယ်၊ ဆင်စိန်ရွာက ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၂ဦး ဒဏ်ရာ အပြင်းထန်ရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆင်စိန်ရွာက ဘုန်းကြီးကျောင်းကို စစ်‌ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရွှေဖီမြေကို ပြောပါတယ်။

မြိုင်နဲ့ ပေါက်နယ်က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ အနည်းဆုံးပြည်သူ ၁၅ ဦး သေဆုံး

မကွေးတိုင်းမြောက်ခြမ်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။