အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၅ ဦး KNU ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး KNU ထံ တပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၅ ဦး KNU ထံ အလင်းဝင်လာကြတယ်လို့ KNU က မနေ့ ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

မူးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ ခလယ်လွီထူခရိုင် မူးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မူးမြို့နယ်က ဒေသခံ ၂ ဦး သေဆုံး

‎ပဲခူးတိုင်း မူးမြို့နယ်ရှိ ကျေးရွာတချို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ‌ဒေသခံ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် မူးမြို့နယ်က ကလေးငယ် ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း မူးမြို့နယ်မှာ စစ်ကောင်စီရဲ့တစ်ဖက်သတ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင့် KNU ရဲ့ ဒီနေ့ မေလ ၂၂ ရက်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် မူးမြို့နယ်က အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၃ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း မူးမြို့နယ်က အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU က ဒီနေ့ မေလ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ် အထိုင်ချထားတဲ့ နေရာ ၆ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်ထဲက စစ်ကောင်စီတပ် အထိုင်ချထားတဲ့ နေရာ ၆ ခုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့​တယ်လို့ KNU က ဒီနေ့ မေလ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မူးမြို့နယ်က အရပ်သား ၄ ဦ သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း မူးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်လို့ ဦးဇင်းတစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါးနဲ့ ဒေသခံတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်က ဒရုန်းဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ (ညောင်လေးပင်ခရိုင်) ညောင်လေးပင်မြို့နယ်က ဦးဇင်းတစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါးနဲ့ ဒေသခံတစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။