စစ်တပ်က မြောက်ဦးဆေးရုံကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုအပေါ် MNDAAနဲ့ TNLA ကန့်ကွက်ရှုတ်ချ၊ အခုလုပ်ရပ်ဟာ မြန်မာနိုင်ငံကို ကျဆုံးအနိုင်အဖြစ် အဆုံးစွန်အထိ တွန်းပို့နေတာလို့ ထုတ်ပြန်

အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့မှာ အရပ်သားတွေ ဆေးကုသနေတဲ့ ဆေးရုံကြီးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုးကန့်တပ်-MNDAA နဲ့ တအာင်းတပ် -TNLA တို့က ကန့်ကွက်ရှုတ်ချကြောင်း မနေ့ ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြောက်ဦးမြို့ ဆေးရုံကြီး ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၃၃ ဦးတိုးလာပြီး ဒဏ်ရာရသူလည်း ၇၆ ဦးအထိရှိလာ

အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့မှာ အရပ်သားတွေ ဆေးကုသနေတဲ့ ဆေးရုံကြီး ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၃၃ ဦးတိုးလာပြီး ဒဏ်ရာရသူလည်း ၇၆ ဦးအထိ ရှိတယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အရပ်သားတွေ ဆေးကုနေကြတဲ့ မြောက်ဦးမြို့ ဆေးရုံကြီးပေါ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃၁ ဦးသေဆုံး၊ ၆၀ ကျော် ဒဏ်ရာရ

အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့ ဆေးရုံကြီးပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုနေတဲ့ ဒေသခံ ၃၁ ဦးသေဆုံးခဲ့ပြီး ၆၀ ကျော် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြောက်ဦး ဒိုင်းကျီရပ်ကွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရသူတွေထဲက အမျိုးသမီး ၁ ဦး ထပ်မံသေဆုံး

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်က လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြောက်ဦးက လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦး ထပ်မံသေဆုံး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဒိုင်းကျီကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင်း ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီးနဲ့ ကလေး နှစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ၁၁ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရ

ရခိုင်ပြည် မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြောက်ဦးမြို့နယ်မှာ ကလေးငယ်တွေ ကောက်လာတဲ့ လက်ထောက်ဗုံးပေါက်ကွဲလို့ ကလေးငယ် ၁ ဦသေဆုံး၊ ၄ ဦး ဒဏ်ရာရ

ရခိုင်ပြည် မြောက်ဦးမြို့နယ်မှာ ကလေးငယ်တွေ ကောက်လာတဲ့ လက်ထောက်ဗုံးပေါက်ကွဲပြီး ကလေးငယ် ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ဘေး အကူအညီ လိုအပ်နေချိန် မြောက်ဦးမြို့ကို လေကြောင်းနဲ့ တိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံး

ငလျင်ဘေးအတွက် အကူအညီ လိုအပ်နေချိန်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က မြေပြင်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်သုံ့ပန်း ထားရှိရာနေရာ ဗုံးကြဲခံရ၊ ၂၈ ဦး သေဆုံးပြီး ၂၅ ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ထဲ စစ်သုံ့ပန်း ထားရှိတဲ့ ရမ်းချောင်းအနီးတဝိုက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့အမျိုးသမီးအပါအဝင် ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အာရက္ခတပ်တော်- AA က မနေ့ ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။