ငလျင်ဘေး အကူအညီ လိုအပ်နေချိန် မြောက်ဦးမြို့ကို လေကြောင်းနဲ့ တိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံး

ငလျင်ဘေးအတွက် အကူအညီ လိုအပ်နေချိန်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က မြေပြင်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်သုံ့ပန်း ထားရှိရာနေရာ ဗုံးကြဲခံရ၊ ၂၈ ဦး သေဆုံးပြီး ၂၅ ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ထဲ စစ်သုံ့ပန်း ထားရှိတဲ့ ရမ်းချောင်းအနီးတဝိုက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့အမျိုးသမီးအပါအဝင် ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အာရက္ခတပ်တော်- AA က မနေ့ ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။