အရာတော်ဘက် စစ်ကူ သွားတဲ့ စစ်ယာဉ်တန်းကို မုံရွာခရိုင် ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ ၁၆ ဦး သေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ အရာတော်မြို့ဘက် စစ်အင်အားဖြည့်ဖို့ သွားတဲ့ စစ်ယာဥ်တန်းနဲ့ စစ်ကြောင်းကို မုံရွာ-အရာတော် လမ်းပိုင်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၆ ဦး သေဆုံးခဲ့ပါတယ်။