Browsing Tag
Monywa
11 posts
မုံရွာ (နမခ)သို့ အင်အားလာဖြည့်တဲ့ စက်တပ်လေထီး ၃ စီးထဲက ၁စီးပျက်ကျပြီး လိုက်ပါစီးနင်းသူ ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) သို့ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ အင်အားဖြည့်လာတဲ့ ဂျိုင်ရိုကော်ပါတာ(စက်တပ်လေထီး) ၃ စီးထဲက ၁စီးပျက်ကျပြီး လိုက်ပါစီးနင်းသူ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မုံရွာ-ချောင်းဦးနယ်စပ် လမ်းပိုင်းတစ်နေရာမှာ ဆီမီးသပိတ်ပြုလုပ်နေတဲ့ ပြည်သူတွေကို စက်တပ်လေထီးနဲ့ တိုက်ခိုက်၊ ပြည်သူ ၄၀ ဦးသေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရ
စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးနယ်စပ် မုံရွာ-အမြန်လမ်းတစ်နေရာမှာ ဆီးမီးသပိတ်ပြုလုပ်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မုံရွာမြို့မှာ စစ်ကောင်စီတပ်က အလုပ်အသွားပြန်တဲ့ ပြည်သူတွေကို ဖမ်းဆီးပေါ်တာဆွဲနေလို့ အသွားအလာဂရုစိုက်ရန်လိုအပ်
စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ မုံရွာမြို့မှာ စစ်ကောင်စီတပ်က အလုပ်သွားအလုပ်ပြန် ပြည်သူတွေကို ဖမ်းဆီးပေါ်တာဆွဲနေတာတွေ ပြုလုပ်နေတယ်လို့ Monywa Road Information- MRI ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
မုံရွာ နမခ ဌာနချုပ်ကို BWM နဲ့ မဟာမိတ်ပူးပေါင်းတပ်က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်၊ စစ်သား ၉ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို BWM နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၉ ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာ ရခဲ့တယ်လို့ BWM က ဒီနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မုံရွာ ဗောဓိတစ်ထောင် MRTV တာဝါတိုင်ကုန်းက ရဲကင်းစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်၊ ရဲကင်းမှူး ရဲအုပ် ကျော်ဝေအောင်အပါအဝင် ၁၁ ယောက် သေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ခတက္ကန်ကျေးရွာအရှေ့ဖက် ဗောဓိတစ်ထောင် သာသနာ့နယ်မြေအတွင်း MRTV တာဝါတိုင်ကုန်းမှာ ခြေကုပ်ယူ တပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲကင်းစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကနေ ထွက်လာတဲ့ ယာဥ်တန်းကို ပြောက်ကျားတပ်ဖွဲ့- Royal Tiger Force နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က ပဒေသာမိုင်း ၁၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မုံရွာ၊ ချောင်းဦးနဲ့ ကနီမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်၊ ကလေးငယ်အပါအဝင် အရပ်သား သေဆုံးမှု ရှိနေ
စစ်ကိုင်းတိုင်း မုံရွာ၊ ချောင်းဦးနဲ့ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေတာကြောင့် ကလေးသူငယ်အပါအဝင် အရပ်သား သေဆုံးမှု ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာအခြေစိုက် နမခ ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရမှုမှာ ဗိုလ်ကြီးအပါအဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကို ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခံခဲ့ရလို့ ဗိုလ်ကြီးအပါအဝင် ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို တပ်ကြပ်ကြီးအပါအဝင် ၃ ဦးလည်း ဒဏ်ရာ ရခဲ့တယ်လို့ Brave Warriors for Myanmar- BWM က ပြောပါတယ်။