မိုင်းယော် ရွာသစ်ရွာမှာ မိုးကြိုးနဲ့လေပြင်းမုန်တိုင်းတိုက်ခတ်လို့ အမျိုးသမီး ၁ဦး ဒဏ်ရာရပြီး နေအိမ်တချို့ပျက်စီး
ရှမ်းမြောက် လားရှိုးမြို့ မိုင်းယော်တိုက်နယ်က ရွာသစ်ကျေးရွာမှာ မိုးကြိုးပစ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။