SSPP Holds Families for Ransom, Forces Recruits to Work for Online Scam Compounds in Mong Kung

In villages across Mong Kung Township, southern Shan State, troops of the Shan State Progress Party (SSPP) are arresting residents for recruitment and holding the family members of new soldiers who have fled, residents told Shwe Phee Myay.

မိုင်းကိုင်မှာ ထွက်ပြေးသွားတဲ့ တပ်သားတွေရဲ့ မိသားစုဝင်တွေကို SSPPက ဖမ်းဆီးထားပြီး ငွေနဲ့ ပြန်ရွေးခိုင်း၊ တပ်သားအဖြစ်စုဆောင်းခံရသူတွေဟာ ကျားဖြန်ရုံတွေရဲ့ လုံခြုံရေးအဖြစ် သွားလုပ်ရ

ရှမ်းတောင် မိုင်းကိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို တပ်သားအသစ်စုဆောင်းဖို့အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က ဒေသခံတွေကို လိုက်လံဖမ်းဆီးနေပြီး ထွက်ပြေးသွားတဲ့ တပ်သားတွေရဲ့ မိသားစုဝင်တွေကိုလည်း ဖမ်းဆီးထားတာမျိုးတွေ ရှိနေတယ်လို့ ဖြစ်စဉ်သိရှိသူ မိုင်းကိုင်ဒေသခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

Despite villagers sending new recruits in Mong Kung, SSPP yet to release child hostages

The Shan State Progress Party/Shan State Army (SSPP/SSA) has yet to release two child hostages, despite the villagers in Pan Moon, Khay Ohn Awe village tract, Mong Kung Township, southern Shan State, providing new recruits, according to an investigation of Shwe Phee Myay.

တပ်သားသစ် အစားထိုးပို့ပေးပေမယ့် ဖမ်းဆီးသွားတဲ့ မိုင်းကိုင်က အမျိုးသမီး ကလေးငယ် ၂ ဦး တစ်ပတ်ကျော်ကြာတဲ့အထိ SSPP ပြန်မလွှတ်ပေးသေးပဲ နောက်ထပ် တပ်သားသစ်တစ်ဦး တောင်းပြန်

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ခေးအုံအွေ့ကျေးရွာအုပ်စု ပန်မွန်းရွာက ထွက်ပြေးသွားတဲ့ တပ်သားအစား ရွာခံတွေက တပ်သားသစ်တစ်ဦး ပြန်ထည့်ပေးပေမယ့် ဖမ်းဆီးသွားတဲ့ အမျိုးသမီးငယ် ၂ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မိုင်းကိုင်မှာ SSPPတပ်က တပ်သားသစ် ထွက်ပြေးလို့ အသက်မပြည့်သေးတဲ့ အမျိုးသမီး ကလေးငယ် ၂ဦးကို ဖမ်းပြီး လူအစားထိုးပေးမှ ပြန်လွှတ်ပေးမယ်လို့ ဆို

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ခေးအုံအွေ့ကျေးရွာအုပ်စု ပန်မွန်းရွာက ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့တပ်သားတစ်ဦး ထွက်ပြေးသွားလို့ဆိုပြီး အဲပန်မွန်းရွာထဲက အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် ၂ ဦးကို SSPP တပ်က ဖမ်းဆီးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုင်းကိုင်မှာ SSPP က တပ်သားသစ်စုဆောင်းနေပြီး စစ်မှုထမ်း သွားရမယ့်သူအနေနဲ့ နိုင်ငံခြားမှာဖြစ်စေ သာသနာ့ဘောင်မှာဖြစ်စေ စစ်မှု လာထမ်းရမှာဖြစ်ပြီး လာမထမ်းဆောင်ရင် နေအိမ်တွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်

ရှမ်းတောင် မိုင်းကိုင်မြို့နယ်ရှိ တောင်ပေါ်ကျေးရွာတွေမှာ ရှမ်းပြည်တိုးတက်‌ရေးပါတီ- SSPP က တပ်သားသစ် စုဆောင်းနေပြီး စစ်မှုထမ်း မသွားသူရဲ့ နေအိမ်တွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းကိုင်မှာ RCSS က မိုင်းဆွဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ SSPP ပြော

ရှမ်းတောင် မိုင်းကိုင်မြို့နယ်အတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ- RCSS/SSA ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA က ထုတ်ပြန်ထားပါတယ်။

မိုင်းကိုင်မှာ ရွာသူကြီးတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ရှမ်းတောင် မိုင်းကိုင်မြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS‌ ထောင်ထားတဲ့မိုင်း နင်းမိတာကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကလေးစစ်သား စုဆောင်းတဲ့သတင်းပေါက်ကြားမှုကြောင့် မိုင်းကိုင်က ကျေးရွာလူထုကို စစ်မှုထမ်းသူ ထပ်ပေးဖို့ SSPP ပြော

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ပန်ကေတုအုပ်စု ကုန်းပေါင်းရွာက ၁၃ နှစ်အရွယ် မိုင်းအကျေဆိုတဲ့ ကလေးငယ်ကို ရှမ်းပြည်တိုးတက်‌ရေးပါတီ- SSPP က စစ်ဝတ်စုံ ဝတ်ခိုင်းပြီး လက်နက်ပါ ကိုင်ဆောင်ခိုင်းတယ်ဆိုတဲ့ ကလေးစစ်သားသတင်း‌ မီဒီယာပေါ် ပေါက်ကြားလာမှုကြောင့် နောက်ထပ် ကုန်းပေါင်းဒေသခံ ၄ ဦး စစ်မှု ထမ်းရမယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းကိုင်မှာ SSPP က တပ်သားသစ် တစ်ရွာတစ်ဦးနှုန်း ကောက်ရာကနေ တစ်အိမ်တစ်ယောက် ပြောင်းလဲ ကောက်ခံလာ

ရှမ်းတောင် မိုင်းကိုင်မြို့နယ်မှာ တပ်သားသစ် တစ်ရွာတစ်ဦးနှုန်း ကောက်ခံနေတဲ့ ရှမ်းပြည်တပ်မတော်- SSPP/SSA က တစ်အိမ်တစ်ယောက်နှုန်း ပြောင်းလဲ ကောက်ခံနေတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။