မုံးစီးမှာ သေဆုံးသူတွေရဲ့ အသုဘစရိတ်နဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ ဆေးရုံစရိတ်ကို MNDAA က တာဝန်ယူဖြေရှင်းပေးမယ်လို့ ပြော

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ပြိန်းခမ်းကျေးရွာမှာ သေဆုံးသွားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIAတပ်သားတွေနဲ့ ဒေသခံတွေရဲ့ အသုဘစရိတ်အပြင် ထိခိုက်ဒဏ်ရာရသူတွေရဲ့ ဆေးရုံစရိတ်ကို ကိုးကန့်တပ်မတော် MNDAA က တာဝန်ယူဖြေရှင်းပေးမယ်လို့ မုံးစီးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်နယ် မုံးစီးမှာ MNDAA နဲ့ KIA တို့ စကားများရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်လို့ KIA တပ်သား၂ ဦးနဲ့ ဒေသခံ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIAတို့က စကားများ ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်လို့ KIA တပ်သား၂ ဦးနဲ့ ဒေသခံ ၃ ဦး သေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။

မုံးစီးမှာ ကလေးငယ် ၂ ဦး ဗုံး ယူဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်၊ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ဆိုင်းခေါင်ကျေးရွာမှာ ကလေးငယ် ၂ ဦး ဗုံး‌ ယူဆော့ကစားမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။