မိုးကုတ်မြို့ထဲကို စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာ

မနေ့ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းကစပြီး မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စတင်ဝင်ရောက်နေပြီလို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့တွင်းကနေ PDF တပ်တွေ ဆုတ်ခွာ

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီကို ပြန်လွှဲပေးရမယ့် မန္တလေးတိုင်း မိုးကုတ်မြို့တွင်းကနေ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ဆုတ်ခွာသွားပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

တိုအီးခေဲင်အရာပ်မိုဂူႈကဲ ဟည်ဒဝ်ႎဲႈဟာဝ်း အူကဒည်ကီုင်း

ဘိူန်းအယ်နံပ်တတိုအီးခေဲင်အရာပ်ကဲဒါႈ တိုအီးခေဲင်ကီုင်းမိုဂူႈကဲ ဟည်ဒဝ်ဟာဝ်းဒိုႇ ကဒါႇဒီဟံရ်ကဲနီန် အူကဒည်ကီုင်းလေႈယာ့်အောႏ။

မိုးကုတ်ဒေသခံ ထက်ဝက်ကျော် မြို့ကနေ တိမ်းရှောင်နေကြ

မန္တလေးတိုင်း မိုးကုတ်မြို့က ဒေသခံ ထက်ဝက်ကျော်ဟာ မြို့ကနေ အခြားနေရာဒေသဘက်ကို နေ့စဉ်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မိုးကုတ်-မန္တလေးကားခ အဆမတန် မြှင့်တက်၊ နေ့စဉ် လူပေါင်း ထောင်နဲ့ချီပြီး မိုးကုတ်မြို့ကနေ တိမ်းရှောင်

တိုက်ပွဲ တကျော့ပြန် ဖြစ်ပွားလာနိုင်တဲ့ အခြေအနေကြောင့် မိုးကုတ်မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် ကားခဟာ အရင်ကထက် ၅ ဆနီးပါးအထိ မြှင့်တက်သွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်ကနေ မဆုတ်ခွာခင် တအာင်းတပ်က မြို့ခံတွေကို မိုးကုတ်ဂေါက်ကွင်းမှာ ကျောက်တူးဖော်ခွင့် ပေးထား

စစ်ကောင်စီကို ပြန်ပေးမယ့် မန္တလေးတိုင်း မိုးကုတ်မြို့မှာ တအာင်းတပ်မတော်- PSLF/TNLA က မြို့ခံတွေကို မိုးကုတ်ဂေါက်ကွင်းမှာ ကျောက်တူးဖော်မှု ခွင့်ပြုပေးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း မိုးကုတ်မြို့လုံးကျွတ် သံပုံးတီး ဆန္ဒပြနေ

စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဒီနေ့ နိုဝင်ဘာ ၆ ရက် ည ၈ နာရီခန့်ကစပြီး မြို့လုံးကျွတ် သံပုံးတီးပြီး အော်ဟစ်ဆန္ဒပြနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်အာဏာရှင်စနစ်ကို ရှေ့ကနေ ဆန့်ကျင်တော်လှန်ခဲ့တဲ့ မိုးကုတ် ရေပူဆရာတော် ပျံလွန်တော်မူ

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် ဆန့်ကျင်တော်လှန်ခဲ့တဲ့ မိုးကုတ်မြို့ရှိ ရေပူဆရာတော် ဘဒ္ဒန္တက္ကန္ဒဟာ မနေ့ နိုဝင်ဘာ ၃ ရက် ညနေပိုင်း ၆ နာရီ ၄၅ မိနစ်မှာ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီကို ပြန်ပေးမယ့် မိုးကုတ်မှာ PSLF/TNLA ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆက်လည်ပတ်နေပြီး ဒေသခံတချို့ တိမ်းရှောင်နေ

စစ်ကောင်စီကို ပြန်လည်လွှဲပြောင်းပေးရမယ့် မန္တလေးတိုင်း မိုးကုတ်မြို့မှာ တအာင်းတပ်မတော်–PSLF/TNLA ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဆက်ရှိနေပြီး ဒေသခံတချို့ တိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေက ရွှေဖီမြေ ကို ပြောပါတယ်။

မိုးကုတ်မြို့ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်ကိုပြန်လည်ထမ်းဆောင်ဖို့ တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေကို မိုးကုတ်ဗျူဟာ ပြန်လည်ဖိတ်ခေါ်

မန္တလေးတိုင်း မိုးကုတ်မြို့ ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်ကို ပြန်လည်ထမ်းဆောင်ဖို့ တပ်ဖွဲ့နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေကို ပြန်လည်ဖိတ်ခေါ်တယ်လို့ ဒီနေ့ အောင်တိုဘာ ၃၁ ရက်မှာ မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားပါတယ်။