မိုးကုတ်မှာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ နာမည်နဲ့ ငွေ​ လိုက်လိမ်နေသူ ၉ ဦးကို ဖမ်းဆီးပြီး TNLA ထံ အပ်နှံခဲ့တဲ့ NSSAA တပ်ဖွဲ့ဝင် ၄ ဦးကို TNLA က ဖမ်းဆီးထား၊ တပ်ရင်းနဲ့ အဆက်အသွယ် ပြတ်တောက်နေ

မန္တလေးတိုင်း မိုးကုတ်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နာမည်နဲ့ ငွေ​ လိုက်လိမ်နေသူ ၉ ဦးကို ဖမ်းဆီးပြီး တအာင်းတပ်- TNLA ထံ အပ်နှံခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း- NSSAA တပ်ဖွဲ့ဝင် ၄ ဦးကို TNLA က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မိုးကုတ်မှာ တော်လှန်ရေးတပ်ရဲ့ နာမည်နဲ့ ငွေ​ လိုက်လိမ်နေသူ ၉ ဦး ဖမ်းဆီးရမိ၊ ၃ ဦးဟာ TNLA ရဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ထဲက ဖြစ်နေ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ တော်လှန်ရေး အင်အားစုရဲ့ နာမည်တွေ သုံးပြီး ငွေ​ လိုက်လံ လိမ်လည်နေသူ အမျိုးသား ၉ ဦးကို ဖမ်းမိခဲ့ပါတယ်။