အပစ်ရပ်မယ်ဆိုတဲ့ စစ်ကောင်စီတပ်က ‎မိုးဗြဲမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ လေကြာင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံး

ရှမ်းတောင် မိုးဗြဲနဲ့ ကရင်နီပြည် လွိုင်ကော်ကြားက ပီကင်းကောခူရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ KNDF က ဒီနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က အင်အား အလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်၊ မြို့ကို တော်လှန်ရေးတပ် ဆက်လက် ထိန်းချုပ်ထား

ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က အင်အား အလုံးအရင်း အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF က မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုပြီး တိုက်ခိုက်တာကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီး

ရှမ်းတောင် မိုးဗြဲမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြို့ထဲက နေအိမ် ၂၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဗုံးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိ

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုး‌ဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၅ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရှမ်းတောင်စစ်‌ဒေသခွဲ ဗျူဟာ(၁)ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးဗြဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အသေခံဒရုန်းနဲ့ တိုက်ခိုက်နေ

ရှမ်းဝောာင် ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်း‌ရင်းမြစ်တွေဆီက သိရပါတယ်။

မိုးဗြဲတိုက်ပွဲ ဆက်လက်ပြင်းထန်၊ ၂ ဖက်အထိခိုက် အကျဆုံးများ

ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး မဟာမိတ်အင်အားစုတွေကြား တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ မြေပြင်အရင်းအမြစ်တွေက ပြောပါတယ်။

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးငယ် ၁ သေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီးကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။