မင်းကွန်းဒေသကို စစ်ကောင်စီကပိတ်ဆို့ထားတာကြောင့် ငလျင်ဘေးအကူအညီတွေ လုံးဝမရောက်၊ ဒေသခံတွေစားဝတ်နေရေး အခက်ကြုံ

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကောင်စီကချုပ်ကိုင်ပိတ်ဆို့ထားတာကြောင့် ငလျင်ဘေးကူညီကယ်ဆယ်ပေးမှုတွေဟာ ၁လကြာတဲ့အထိ လုံးဝမရောက်ရှိသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။