ထမင်းဆိုင်မှာ ထိုင်နေတဲ့ စကစနဲ့ ပျူစောထီး ၂၀ ခန့်ကို သာယာဝတီခရိုင် PDF က ရှောင်တခင် ပစ်ခတ်တိုက်ခိုက်၊ ၈ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
ပဲခူးတိုင်း မင်းလှမြို့နယ် အင်ကြင်းကုန်းအုပ်စု အညာတန်းကြီးရွာ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ “53”မြန်မာထမင်းဆိုင်မှာ စကစနဲ့ ပျူစောထီး ၂၀ ဦးခန့်ကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ ၂ ရဲဘော်တွေက ရှောင်တခင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။