မင်းလှမြို့ သရော်ကုန်ရွာကနေ အင်အား ၇၀ ကျော်နဲ့ ထွက်လာတဲ့စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရ၊ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး၊ လက်နက် ခဲယမ်းအချို့ သိမ်းဆည်းရမိ
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရော်ကုန်ရွာ ဘုန်းကြီးကျောင်းကနေ အင်အား ၇၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကြောင်းကို သာယာဝတီခရိုင် PDF နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့ပါတယ်။