မင်းကင်းမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံး၊၂၀ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က သာစည်ရွာနဲ့ မင်းစုရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ လေကြောင်းကနေ ပေါင် ၃၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။