မင်းတပ်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု ကျောင်းသား ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လို့ ကျောင်းသား/သူ ၄ ဦးသေဆုံးပြီ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းတပ် လေကြောင်း တိုက်ခိုက်မှု အရပ်သား ၃ ဦး ဒဏ်ရာရပြီး တစ်ဦးပြင်းထန်

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ဦး ဒဏ်ရာရရှိပြီး တစ်ဦးက ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းတပ်မှာ စစ်ကောင်စီတပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ် ၇ လုံး ပျက်စီးသွား

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ စံပြရပ်ကွက်မှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းတပ်မြို့နယ်မှာ စျေးဆိုင်ရောင်းနေတဲ့ အမျိုးသမီးတစ်ဦး လုယက်ခံရပြီး အသတ်ခံရ

ချင်းပြည်နယ် မင်းတပ်မြို့နယ် လေရှိကျေးရွာမှာ ဒီနေ့ စက်တင်ဘာလ ၄ ရက် နေ့လယ်အချိန်မှာ အိမ်စျေးဆိုင် ရောင်းနေတဲ့ အမျိုးသမီးတစ်ဦး လုယက်ခံရပြီး အသတ်ခံလိုက်ရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အရေးပေါ်အခြေအနေ ကြေညာခံထားရတဲ့ မင်းတပ်မြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မနေ့ သြဂုတ်လ ၃ရက် မနက် ၈ နာရီ မိနစ် ၅၀ အချိန်မှာ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မင်းတပ်မြို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး နေအိမ် ၇ လုံး ပျက်စီး

ချင်းပြည်နယ် မင်းတပ်မြို့မှာ မနေ့ ဧပြီ ၁၆ ရက် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မင်းတပ်မြို့မှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ပျက်စီး

သင်္ကြန်အကြိုနေ့ ချင်းပြည်နယ် မင်းတပ်မြို့ မြို့မနှစ်ခြင်းဘုရားကျောင်း လေကြောင်းနဲ့ ဗုံးကြဲခံရလို့ ပျက်စီးသွားကြောင်း ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ချင်းပြည် မင်းတပ်မှာလည်း လေကြောင်း ဗုံးကြဲခံရလို့ ဓမ္မဆရာ၊ လသားအရွယ်ကလေးငယ်တွေ အပါအ၀င် ၆ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရ

ချင်းညီနောင်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဓမ္မဆရာတစ်ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မင်းတပ်၊ ကန်ပက်လက်မှာ လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်

ချင်းညီနောင် ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်နဲ့အဆောက်အဦး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ လာအပ်ဖို့ မင်းတပ်ဒေသခံတွေကို CDF မင်းတပ် သတိပေး

ချင်းပြည်နယ် မင်းတပ်မြို့ထဲ နေထိုင်တဲ့ ဒေသခံတွေ လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ကိုင်ဆောင်ထားတာရှိရင် နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေထံ လာရောက်အပ်နှံဖို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က မနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။