မောင်တောမြို့နယ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးအပါအဝင် မြိုလူမျိုး ၁၇ ဦးကို စစ်မှုထမ်းဖို့ AA ဖမ်းဆီး
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခုံတိုင်ကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးအပါအဝင် ၁၇ ဦးကို အာရက္ခတပ်တော်- AA က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။