မောင်တောင်မှာ မြေမြှုပ်မိုင်းနင်းလို့ မြိုအမျိုးသားတစ်ဦး ခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂြစ်ချောင်းရွာမှာ ဒီနေ့ စက်တင်ဘာလ ၂၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီ၊ ၃၀ မိနစ်အချိန်ခန့်မှာ မြေမြှုပ်မိုင်းနင်းမိလို့ မြိုအမျိုးသားတစ်ဦး ညာခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မောင်တောမြို့နယ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးအပါအဝင် မြိုလူမျိုး ၁၇ ဦးကို စစ်မှုထမ်းဖို့ AA ဖမ်းဆီး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခုံတိုင်ကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးအပါအဝင် ၁၇ ဦးကို အာရက္ခတပ်တော်- AA က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။