မတူပီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ (၅) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်

ချင်းညီနောင် (CB) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်ကို ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတူပီမြို့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ချင်းပြည်နယ် မတူပီမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် လူတစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတူပီမြို့နယ်မှာ လက်နက်ကြီးကျည် ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေး ၄ ဦး ဒဏ်ရာရ၊ ၂ ဦး ပြင်းထန်

ချင်းပြည်နယ် မတူပီမြို့နယ် ချန်းပြန်းကျေးရွာမှာ သြဂုတ် ၁၈ ရက်က လက်နက်ကြီးကျည် ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မတူပီ CDF က စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းဆီးနေ

ချင်းပြည်နယ် မတူပီမြို့နယ်မှာ MRO/CDF-Matupi က သြဂုတ် ၆ ရက်ကစပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေပြီး လူငယ်တွေ ရာနဲ့ချီ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မတူပီမြို့ထဲ လေကြောင်းနဲ့ ဗုံးကြဲခံရလို့ ၅ ဦး ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပါစတာတစ်ဦးအပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရပြီး လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မတူပီမြို့နယ်မှာ နယ်မြေ အငြင်းပွားမူကြောင့် ချင်းတော်လှန်ရေးနှစ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက် အကျအဆုံးရှိ

ချင်းပြည်နယ် မတူပီမြို့နယ် ရွာမန်းကျေးရွာမှာ နယ်မြေအငြင်းပွားမှုကြောင့် ချင်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ မရာလဲန်းကာကွယ်ရေးတပ်- MDF နဲ့ ချင်းကာကွယ်ရေးတပ် (လောက်တူ)တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး နှစ်ဘက် အကျအဆုံး ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။