မန်တုံ ဟိုတုံရွာက အမျိုးသမီးငယ် ၃ ဦး ပျောက်ဆုံးနေလို့ လူကုန်ကူးခံရမှာကို မိသားစုဝင်က စိုးရိမ်နေ၊ မန္တလေးကနေ ပြန်လာတဲ့ လော့ခွမ်ရွာခံ အမျိုးသမီးလည်း ပျောက်ဆုံးနေ
တအာင်းဒေသ မန်တုံမြို့နယ် ကျယ်ဂေါင်ကျေးရွာအုပ်စု ဟိုတုံရွာက အမျိုးသမီးငယ် ၃ ဦး ပျောက်ဆုံးနေလို့ လူကုန်ကူးခံရမှာကို မိသားစုဝင်က စိုးရိမ်နေသလို မန္တလေးကနေ ပြန်လာတဲ့ ကွတ်ခိုင်မြို့နယ် လော့ခွမ်ရွာခံ အမျိုးသမီးလည်း ပျောက်ဆုံးနေပါတယ်။