Browsing Tag
Mandalay
72 posts
စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ပေါ်တင် ဖွင့်ထားတဲ့ ဂျင်ဝိုင်းအဆောက်အဦး ပြိုကျမှု သေဆုံးသူ ရာနဲ့ချီရှိ
မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ပေါ်တင် ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ဂျင်ဝိုင်းအဆောက်အဦး ပြုကျပျက်စီးမှုမှာ သေဆုံးသူ ရာနဲ့ချီပြီး ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးနဲ့ စစ်ကိုင်းမှာ သောက်ရေသန့် ဝယ်ယူလို့ မရတော့သလို တခြားအခြေခံကုန်တွေလည်း ထက်ဝက်ကျော် ဈေးမြှင့်တက်နေ
ငလျင်ဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက နေရာတချို့မှာ အရေးပေါ် လိုအပ်နေတဲ့ သောက်ရေသန့်ကို လိုအပ်သလောက်ဝယ်ယူလို့ မရတော့တဲ့အပြင် လီတာဝက် တစ်ဘူးကို ၂ ထောင်နဲ့ ပေးဝယ်နေရကြောင်း ပြည်ကြီးတံခွန်မြို့နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
Sky Villa ကွန်ဒို ပြိုကျမှုမှာ ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦးကို ၃ ရက်အကြာမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့
မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ပြိုကျမှုမှာ ပိတ်မိနေတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာက တအာင်းလူမျိုးဖြစ်တဲ့ လွေးခင်လှိုင်ကို ၃ ရက်အကြာမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဦးလှသိန်း ဗိမ္မာန်အတွင်း ပျောက်ဆုံးနေတဲ့ သံဃာတော်တွေကို ဆက်လက် ရှာဖွေနေ၊ ပျက်စီးနေတဲ့ အဆောက်အဦးကြားမှာ အပုတ်နံ့ ထွက်နေ
ငလျင်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့က ဦးလှသိန်း ဗိမ္မာန်အတွင်းမှာ ပျောက်ဆုံးနေတဲ့ သံဃာတော်တွေကို ဆက်လက် ရှာဖွေနေပြီး ပျက်စီးနေတဲ့ အဆောက်အဦးကြားမှာလည်း အပုတ်နံ့ ထွက်နေတယ်လို့ ငလျင်လှုပ်ခတ်စဥ် ဦးလှသိန်း ဗိမ္မာန်ကနေ လွတ်မြောက်လာတဲ့ ဦးဇင်းတစ်ပါးက မိန့်ပါတယ်။