မန္တလေးမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှုဖြစ်ပွား၊ အပြန်အလှန်ပစ်ခတ်မှုရှိပေမဲ့ ဓားပြတွေ လွတ်မြောက်သွား

မန္တလေးမြို့ပေါ်မှာ ဒီနေ့ ဇူလိုင်လ ၂၄ ရက် ညနေပိုင်းက ရွှေဆိုင်ဓားပြတိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတချို့ရှိပေမဲ့ ဓားပြတိုက်သူတွေထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို အတည်ပြုပြောဆိုပါတယ်။

မန္တလေးမှာ စစ်မှုထမ်း မဲနှိုက်မှု မြို့လုံးကျွတ်နီးပါး ပြုလုပ်၊ သေဆုံးသူနဲ့ မသန်စွမ်းတွေပါ စာရင်းထဲ ပါဝင်နေ

မန္တလေးမှာ စစ်မှုထမ်းသင်တန်း တက်ရောက်ဖို့အတွက် မဲနှိုက်မှုကို မြို့လုံးကျွတ်နီးပါး ပြုလုပ်ခဲ့ပြီး အသက်သေဆုံးသူနဲ့ မသန်စွမ်းတွေအတွက်ပါ မဲနှိုက်မှု ပြုလုပ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမှာ ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်၊ ငလျင်ဒဏ်သင့် အဆောက်အဦးတချို့ ပြိုကျမှုဖြစ်ပွား

ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးမြို့က ငလျင်ဒဏ် ခံခဲ့ရတဲ့ အဆောက်အဦးတချို့ ပြိုကျမှု ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန်းတိုင်း လွှတ်တော်ဥက္ကဋ္ဌ ထောင်တွင်းရုတ်တရက်ကွယ်လွန်၊ မိသားစုကို အလောင်းပြန်မပေး

မန္တလေးတိုင်း၊ လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးဟာ ဒီနေ့ မနက်အစောပိုင်းက အိုးဘိုထောင်တွင်းမှာ ရုတ်တရက်အမောဖောက်ပြီး ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

မန္တလေးမှာ ပျူစောထီးငယ်တွေ ရမ်းကား၊ ဒေသခံတွေ ရိုက်နှက်နှိပ်စက်ခံရမှုတွေ များပြားလာ

မန္တလေးမြို့မှာ စစ်ကောင်စီမွေးမြူထားတဲ့ ပျူစောထီးငယ်တွေရဲ့ ရမ်းကားမှုတွေဟာ နေစဥ်နီးပါးရှိနေပြီး လူငယ်တွေအပါအဝင် ရိုက်နှက်နှိပ်စက်ခံရမှုတွေ အများအပြားရှိလာတယ်လို့ဒေသခံတွေက ပြောပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေမထားဖို့နဲ့ မစီးဖို့ စစ်ကောင်စီပြင်းပြင်းထန်ထန်သတိပေးထား

ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေမှာ လိုင်စင်မဲ့ယာဥ်တွေမထားရှိဖို့နဲ့ စီးနင်းမှုတွေမလုပ်ဖို့စစ်ကောင်စီက ပြင်းပြင်းထန်ထန်သတိပေးညွှန်ကြားထားတယ်လို့ မန္တလေးကသံဃာတော်တွေက ရွှေဖီမြေကို မိန့်ဆိုပါတယ်။

နေပြည်တော်နဲ့မန္တလေးမှာ လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကို နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးနေ၊ ရဲမှူးအဆင့်ထိ ဖမ်းဆီးခံနေရ

စစ်ကောင်စီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ နေပြည်တော်နဲ့ မန္တလေးမြို့မှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးမှု ရှိနေတယ်လို့ ဒေသခံနဲ့ ရဲနဲ့နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးကြောင့် ငလျင်ဒဏ်သင့် ဖြိုလက်စ အဆောက်အဦးတစ်လုံး ပြိုကျ၊ လူတစ်ဦး သေဆုံး

မန္တလေးမြို့ပေါ်က ငလျင်ဒဏ်သင့် ဖြိုလက်စ အထပ်မြင့်အဆောက်အဦးတစ်ခုဟာ မိုးရွာသွန်းမှုကြောင့် ပြိုကျခဲ့ပြီး အလုပ်သမားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးမြို့က စာသင်ကျောင်းတွေမှာ ယာယီတဲနဲ့ ခိုလှုံသူတွေ မေလကုန်အပြီး ပြောင်းပေးဖို့ စစ်ကောင်စီပြော

ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ မန္တလေးမြို့က စာသင်ကျောင်းတွေမှာ ယာယီတဲနဲ့ ခိုလှုံသူတွေ မေလကုန်အပြီး ပြောင်းပေးဖို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အသိပေးထားတယ်လို့ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးရွာသွန်းမှုကြောင့် မန္တလေးက ငလျင်ဒဏ်သင့် အဆောက်အဦးတစ်ခု ပြိုကျ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မန္တလေးမြို့ပေါ်က ငလျင်ဒဏ်သင့်အဆောက်အဦးတစ်ခု ဒီနေ့မေလ ၂၁ရက် မနက်အစောပိုင်းက ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။