မန္တလေးမှာ ပျူစောထီးငယ်တွေ ရမ်းကား၊ ဒေသခံတွေ ရိုက်နှက်နှိပ်စက်ခံရမှုတွေ များပြားလာ

မန္တလေးမြို့မှာ စစ်ကောင်စီမွေးမြူထားတဲ့ ပျူစောထီးငယ်တွေရဲ့ ရမ်းကားမှုတွေဟာ နေစဥ်နီးပါးရှိနေပြီး လူငယ်တွေအပါအဝင် ရိုက်နှက်နှိပ်စက်ခံရမှုတွေ အများအပြားရှိလာတယ်လို့ဒေသခံတွေက ပြောပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေမထားဖို့နဲ့ မစီးဖို့ စစ်ကောင်စီပြင်းပြင်းထန်ထန်သတိပေးထား

ဘုန်းတော်ကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေမှာ လိုင်စင်မဲ့ယာဥ်တွေမထားရှိဖို့နဲ့ စီးနင်းမှုတွေမလုပ်ဖို့စစ်ကောင်စီက ပြင်းပြင်းထန်ထန်သတိပေးညွှန်ကြားထားတယ်လို့ မန္တလေးကသံဃာတော်တွေက ရွှေဖီမြေကို မိန့်ဆိုပါတယ်။

နေပြည်တော်နဲ့မန္တလေးမှာ လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကို နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးနေ၊ ရဲမှူးအဆင့်ထိ ဖမ်းဆီးခံနေရ

စစ်ကောင်စီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ နေပြည်တော်နဲ့ မန္တလေးမြို့မှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို နေအိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးမှု ရှိနေတယ်လို့ ဒေသခံနဲ့ ရဲနဲ့နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးကြောင့် ငလျင်ဒဏ်သင့် ဖြိုလက်စ အဆောက်အဦးတစ်လုံး ပြိုကျ၊ လူတစ်ဦး သေဆုံး

မန္တလေးမြို့ပေါ်က ငလျင်ဒဏ်သင့် ဖြိုလက်စ အထပ်မြင့်အဆောက်အဦးတစ်ခုဟာ မိုးရွာသွန်းမှုကြောင့် ပြိုကျခဲ့ပြီး အလုပ်သမားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးမြို့က စာသင်ကျောင်းတွေမှာ ယာယီတဲနဲ့ ခိုလှုံသူတွေ မေလကုန်အပြီး ပြောင်းပေးဖို့ စစ်ကောင်စီပြော

ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ မန္တလေးမြို့က စာသင်ကျောင်းတွေမှာ ယာယီတဲနဲ့ ခိုလှုံသူတွေ မေလကုန်အပြီး ပြောင်းပေးဖို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အသိပေးထားတယ်လို့ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးရွာသွန်းမှုကြောင့် မန္တလေးက ငလျင်ဒဏ်သင့် အဆောက်အဦးတစ်ခု ပြိုကျ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မန္တလေးမြို့ပေါ်က ငလျင်ဒဏ်သင့်အဆောက်အဦးတစ်ခု ဒီနေ့မေလ ၂၁ရက် မနက်အစောပိုင်းက ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြင်းအား ၅.၂ အဆင့်ရှိ ငလျင် ထပ်လှုပ်တာကြောင့် မန္တလေးက အဆောက်အဦးတချို့ ထပ်မံ ပြိုကျ၊ သစ်ပင်ပိလို့ ၂ ဦး သေဆုံး

မန္တလေးတိုင်း ကျောက်ဆည်မြို့အနောက်ဘက် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၅.၂ အဆင့်ရှိတဲ့ ငလျင် ထပ်မံ လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းရှိ အဆောက်အဦးတချို့ ထပ်ပြိုခဲ့သလို ကလေးအပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ငလျင်ဒဏ် သင့်ခဲ့တဲ့ မန္တလေးမှာ ကုန်ကျစရိတ်များလို့ ပျက်စီးသွားတဲ့ နေအိမ်တွေ ဖြိုချဖို့ အခက်အခဲ ရှိနေ

ငလျင်ဒဏ်ကြောင့် သေဆုံးသူ ထောင်ချီ ရှိခဲ့သလို အဆောက်အဦး အများစု ပျက်စီးခဲ့တဲ့ မန္တလေးမြို့မှာ ပျက်စီးသွားတဲ့ နေအိမ်တွေ ဖြိုချဖို့ အခက်အခဲ ရှိနေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်သင့် ၈ ထပ် အဆောက်အဦးတစ်ခု အောက်ဆုံးထပ် ကျွံကျမှုဖြစ်

မိုးရွာသွန်းမှုကြောင့် မန္တလေး အောင်မြေသာစံမြို့နယ်က ငလျင်ဒဏ်သင့် ၈ ထပ် အဆောက်အဦးတစ်ခု အောက်ဆုံးထပ် မြေကျွံကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အပစ်ရပ်ကြောင်း ကြေညာထားတဲ့ ၁လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလေးတိုင်းက အရပ်သားပြည်သူ ၄၀ဦးထက်မနည်း သေဆုံးခဲ့

အပစ်ရပ်ကြောင်း ကြေညာထားတဲ့ စစ်ကောင်စီတပ်က မန္တလေးတိုင်း သပိတ်ကျင်း၊ မတ္တရာ နှင့် စဉ့်ကူးမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် ဧပြီလ တစ်လအတွင်း အရပ်သားပြည်သူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။