မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး၊ ၁၇ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါရွာစစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအပါ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

မတ္တရာက ဥက္ကံရွာ ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦး သေဆုံး

မန္တလေးတိုင်း မတ္တရာမြို့နယ် ဥက္ကံရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့လို့ ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မတ္တရာမြို့နယ်ရှိ မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲလို့ မီးဖွားခါနီး ကိုယ်ဝန်သည်တစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်မှာရှိတဲ့ မေတ္တာနန္ဒ (ယက်ကန်းစင်)ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ မီးဖွားခါနီး ကိုယ်ဝန်သည်တစ်ဦး သေဆုံးပြီး အရပ်သား ၁၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မတ္တရာ အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက မြကံသာ အထိုင်စခန်းကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဒေသခံ ၁ ဦးသေဆုံးပြီး၊ ၁ ဦးဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် စစ်ကောင်စီတပ်ရဲ့ မြကံသာ အထိုင်စခန်းကနေပြီးတော့ မတ္တရာအရှေ့ဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Voice of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

မတ္တရာမြို့နယ် ရုံးပင်ရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက် ၊ အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်း ရုံးပင်ရွာ အနီး တစ်ဝိုက်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး နှစ်လုံး လေကြောင်းကနေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

မတ္တရာမြို့နယ် အိုင်ဒိုင်ရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်၊ ဘုန်းကြီးတစ်ပါးနဲ့ လူ ၃ ဦး ဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်း အိုင်ဒိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးနဲ့ လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆယ်နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ ၅ ဦး ထပ်မံ သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်‌ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် ဒေသခံ ၅ ဦး ထပ်မံ သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

မတ္တရာမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး သေဆုံး

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မတ္တရာမှာ စစ်ကောင်စီတပ်က နေရာအနှံ့ကနေ လက်နက်ကြီး ပစ်ခတ်မှု ဆက်တိုက် လုပ်လာ၊ တိုက်ပွဲလည်း ရှိနေ

မတ္တရာမြို့နယ်မြောက်ဖက်ခြမ်း ထန်းပင်ကုန်းနဲ့ ကင်းရွာကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်က လူမရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက သိန်းရာချီ တောင်းပြီး လေလံ တင်၊ ပစ္စည်းတွေ အကုန်ယူပြီး နေအိမ် မီးရှို့

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်က သိန်း ရာနဲ့ချီ တောင်းယူပြီး ပျူစောထီးတွေကိုလေလံတင် ရောင်းချနေတယ်လို့ ဒေသခံနဲ့ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။