မတ္တရာ အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက မြကံသာ အထိုင်စခန်းကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဒေသခံ ၁ ဦးသေဆုံးပြီး၊ ၁ ဦးဒဏ်ရာရ
မန္တလေးတိုင်း မတ္တရာမြို့နယ် စစ်ကောင်စီတပ်ရဲ့ မြကံသာ အထိုင်စခန်းကနေပြီးတော့ မတ္တရာအရှေ့ဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Voice of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။