လက်ပံတန်းမှာ စစ်မှုထမ်းစာရင်းကို ထွေအုပ်ရုံးသို့ သွားပို့တဲ့ အုပ်ချုပ်ရေးမှူး လမ်းမှာ ပစ်သတ်ခံရ

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် မှော်အင်းအုပ်စု မှော်အင်းရွာက အုပ်ချုပ်ရေးမှူး သန်းဦးဆိုသူဟာ ထွေအုပ်ရုံးသို့ စစ်မှုထမ်းစာရင်း သွားပို့စဉ် လမ်းမှာ ပစ်သတ်ခံခဲ့ရပါတယ်။

လက်ပံတန်းမှာ စစ်မှုထမ်းကြေးဆိုပြီးဒေသခံတွေဆီ ငွေ‌တောင်းနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ဇနီး ပစ်သတ်ခံရ

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် မကျီးကွင်းအုပ်စု ရွှေဘိုစုရွာမှာ ဒေသခံတွေဆီ စစ်မှုထမ်းကြေးဆိုပြီး ငွေ လိုက်တောင်းနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုကိုအောင်က ရွှေဖီမြေကို ပြောပါတယ်။