လက်ပံတန်းမြို့နယ်မှာ အင်အား ၃၀ နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ်တစ်ဦးအပါအဝင် ၁၉ ဦးသေဆုံး

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှာ အင်အား ၃၀ နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) ဒီနေ့ ဒီဇင်ဘာ ၁၈ မှာထုတ်ပြန်လာပါတယ်။

လက်ပံတန်းမြို့နယ်က စစ်တပ် စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရ၊ ၂၀ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦး ဖမ်းမိ

‌ပဲခူးတိုင်း လက်ပံတန်းမြို့နယ် သရက်ချောင်းကျေးရွာဘက်မှာ မီးရှို့ဖျက်ဆီးဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦးလည်း ဖမ်းမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

လက်ပံတန်းမြို့နယ် သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းနဲ့ ‌ဗုံးကြဲချတိုက်ခိုက်တာကြောင့် အရပ်သား ၁ ဦး သေဆုံး

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာတန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ပံတန်းမှာ စစ်မှုထမ်းစာရင်းကို ထွေအုပ်ရုံးသို့ သွားပို့တဲ့ အုပ်ချုပ်ရေးမှူး လမ်းမှာ ပစ်သတ်ခံရ

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် မှော်အင်းအုပ်စု မှော်အင်းရွာက အုပ်ချုပ်ရေးမှူး သန်းဦးဆိုသူဟာ ထွေအုပ်ရုံးသို့ စစ်မှုထမ်းစာရင်း သွားပို့စဉ် လမ်းမှာ ပစ်သတ်ခံခဲ့ရပါတယ်။

လက်ပံတန်းမှာ စစ်မှုထမ်းကြေးဆိုပြီးဒေသခံတွေဆီ ငွေ‌တောင်းနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ဇနီး ပစ်သတ်ခံရ

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် မကျီးကွင်းအုပ်စု ရွှေဘိုစုရွာမှာ ဒေသခံတွေဆီ စစ်မှုထမ်းကြေးဆိုပြီး ငွေ လိုက်တောင်းနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုကိုအောင်က ရွှေဖီမြေကို ပြောပါတယ်။