မိုင်းနင်းမိတဲ့ အင်တောက အမျိုးသားနှစ်ဦး ‌အပြင်းအထန် ဒဏ်ရာရရှိ

ရှမ်းတောင် ရပ်စောက်မြို့နယ် အင်တောမြို့က လွယ်ဟောင်းကျေးရွာမှာ အမျိုးသား ၂ ဦးက မိုင်းနင်းမိပြီး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရပ်စောက်နယ်မှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်နေ

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) လှုပ်ရှားနေတဲ့ ရှမ်းတောင် ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်အနီးရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ DPLA က ထုတ်ပြန်ပါတယ်။

ရပ်စောက်မြို့နယ်မှာ ကုန်ပစ္စည်းရောင်းဝယ်သူတွေအနေနဲ့ ကုန်ပစ္စည်းဝယ်ယူခွင့်ပြု နေ့စဉ်ထောက်ခံချက်စာယူရ၊ ထောက်ခံစာယူဖို့လည်း ငွေကြေးပေးနေရ

ရှမ်းတောင် ရပ်စောက်မြို့နယ်မှာ ကုန်ပစ္စည်း‌ရောင်းဝယ်နေတဲ့သူတွေကို စစ်ကောင်စီရဲ့ ထွေအုပ်ထောက်ခံချက်ပါမှသာ ကုန်ပစ္စည်း ဝယ်ယူခွင့်ပြုပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဂူဒေသမှာ ၁ လအတွင်း စစ်ကောင်စီတပ်နဲ့ DPLA တိုက်ပွဲ ၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့၊ စစ်သား ၃ ဦး DPLA ထံ အလင်းဝင်

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ ၁ လအတွင်း စစ်ကောင်စီတပ်နဲ့ ဓနုတပ်တော်- DPLA အကြား တိုက်ပွဲ ၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

တောင်းခမ်းမှာ စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို DPLA နဲ့ ပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်

တအာင်းတပ်မတော်- TNLA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာဘက် စစ်ကူဖို့လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဓနုတပ်တော်- DPLA တည်ထောင်သူ ကိုထွန်းထွန်းနိုင်က ရွှေဖီမြေကို ပြောပါတယ်။

ရပ်စောက် အင်းတောမြို့က အမျိုးသားတစ်ဦးကို SSPP ရိုက်နှက်လို့ သေဆုံး

ရှမ်းတောင် ရပ်စောက်မြို့နယ် အင်းတောမြို့က အမျိုးသားတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့တယ်လို့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်ဂူဒေသမှာ တိုက်ပွဲ ပြင်းထန်နေ၊ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီး

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဓနုတပ်တော်- DPLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရကာ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။

ကျောက်ဂူတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး နေအိမ်တချို့ မီးလောင်

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဓနုတပ်တော်- DPLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

ရပ်စောက် တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုလာလို့ ဒေသခံ ၄ ထောင်နီးပါး တိမ်းရှောင်နေရ

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ ဇန်နဝါရီ ၁၀ ရက် ၁၁ ရက် နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ DPLA တို့အကြား တိုက်ပွဲဆက်ဖြစ်နေ

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLA တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။