ကိုးကန့်တပ် ထိန်းချုပ်နယ်မြေမှာ တရုတ်နိုင်ငံသား ရင်းနှီးမြုပ်နှံသူ များလာ၊ ယွမ် ၅ သိန်းအထက် ရင်းနှီးမြှုပ်နှံနိုင်သူကို ဒေသခံ အိမ်ထောင်စုနဲ့ မှတ်ပုံတင်အပြင် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် လုပ်ပေး
ကိုးကန့်တပ်- MNDAA ထိန်းချုပ်နယ်မြေမှာ တရုတ်နိုင်ငံသား ရင်းနှီးမြုပ်နှံသူ များလာပြီး ထိန်းချုပ်နယ်မြေမှာ တရုတ်ငွေ ယွမ် ၅ သိန်း (ကျပ်သိန်း ၅ ထောင်)အထက် ရင်းနှီးမြှုပ်နှံနိုင်သူကို ကိုးကန့်ဒေသခံ အိမ်ထောင်စုနဲ့ မှတ်ပုံတင်အပြင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ပါ လုပ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။