ကညာကားအူအီး အ်ုန်အီယိူဝ်ႇတဟာဝ်းတိုန်း တိုအီးကဒါႇလောက်ကည်နီန် ဟြာည်ကမာ်ႈဟာဝ်းဒိူန် ကတူႈတိုအီးအာရ်အီး အီဘကားဒီန် စိုန်ဖါ်ႈ ပျံမ်းယံမ်းအ်ုန်

ဘဝ်ရမာအ်ုန်ကဲ က္လာင်းတဆျှိုည်ဖီမျေဒါႈ မော်င်အည့်ယီ ဘိူန်းအဆာက် 25ဆန်ုမ် အ်ုန်အီဟာဝ်းတိုန်း တိုအီးယိူဝ်ႇကီုင်းပါင်ဆာင်း အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက် “ဝ” UWSA ကဲ ဟာဝ်းကဒါႇကီုင်းလောက်ကည် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ကိုးကာင်းကဲနီန် အာဝ်မိုႈစိအ်ုန်ဟြာည်ကမာ်ႈ မိုႈအ်ုန်ကတူႈအီးပျံမ်းယံမ်းအ်ုန်အောႏ။

လောက်ကိုင်ဘက်ကို ခရီးသည် သွားပို့ရင်း ပျောက်ဆုံးနေတဲ့ လားရှိုးက ယာဉ်မောင်းတစ်ဦးဟာ ခရီးသည်နှစ်ဦးရဲ့ ဓားပြတိုက် သတ်ဖြတ်တာ ခံရ

“ဝ”တပ် UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ကနေ ကိုးကန့်တပ် ထိန်းချုပ်တဲ့ လောက်ကိုင်မြို့ဘက်ကို ခရီးသည် သွားပို့ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် မောင်အိုက်ရီဟာ ပျောက်ဆုံးနေတာ မဟုတ်ပဲ အသတ်ခံခဲ့ရတာလို့ သူ့ရဲ့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။

လောက်ကိုင်မှာ မိုးရွာသွန်းမှုကြောင့် မြို့တွင်း နေရာတချို့ ရေကြီးရေလျှံမှုဖြစ်

ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ မိုးရွာသွန်းမှုကြောင့် မြို့တွင်းရှိ နေရာတချို့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်နယ်မြေမှာ တရုတ်နိုင်ငံသား ရင်းနှီးမြုပ်နှံသူ များလာ၊ ယွမ် ၅ သိန်းအထက် ရင်းနှီးမြှုပ်နှံနိုင်သူကို ဒေသခံ အိမ်ထောင်စုနဲ့ မှတ်ပုံတင်အပြင် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် လုပ်ပေး

ကိုးကန့်တပ်- MNDAA ထိန်းချုပ်နယ်မြေမှာ တရုတ်နိုင်ငံသား ရင်းနှီးမြုပ်နှံသူ များလာပြီး ထိန်းချုပ်နယ်မြေမှာ တရုတ်ငွေ ယွမ် ၅ သိန်း (ကျပ်သိန်း ၅ ထောင်)အထက် ရင်းနှီးမြှုပ်နှံနိုင်သူကို ကိုးကန့်ဒေသခံ အိမ်ထောင်စုနဲ့ မှတ်ပုံတင်အပြင် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ပါ လုပ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လောက်ကိုင်ဘက် ခရီးသည် သွားပို့တဲ့ ယာဉ်မောင်းတစ်ဦး ပျောက်ဆုံးနေ

“ဝ”တပ် ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ကနေ ကိုးကန့်တပ် ထိန်းချုပ်နယ်မြေ လောက်ကိုင်မြို့ဘက် ခရီးသည် သွားပို့တဲ့ ယာဉ်မောင်းတစ်ဦး အဆက်အသွယ် ‌ပြတ်တောက်နေတယ်လို့ မိသားစုဝင်က ပြောပါတယ်။

ကိုးကန့်ဒေသမှာ နေထိုင်ပေမဲ့ ဒေသခံမဟုတ်သူတွေ နေထိုင်ခွင့်ကဒ် ပြုလုပ်ရမယ်လို့ MNDAA ပြော

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ ကွမ်းလုံမြို့နယ်မှာ နေထိုင်ကြသူတွေထဲက ဒေသခံမဟုတ်သူတွေ နေထိုင်ခွင့်ကဒ် ပြုလုပ်ရမယ်လို့ MNDAA က မနေ့ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကိုးကန့်တပ်ရဲ့ သူရဲကောင်း အောက်မေ့ဖွယ် အခမ်းအနား

၁ဝ၂၇ စစ်ဆင်ရေးအပါအဝင် တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ သူရဲကောင်း ရဲဘော်တွေအတွက် အောက်မေ့ဖွယ် ဂုဏ်ပြုခြင်းအခမ်းအနား ကျင်းပခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ကိုးကန့်တပ်- MNDAA က မနေ့ ဧပြီ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

လောက်ကိုင်မြို့မှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေ ပြန်လာဖွင့်ဖို့ MNDAA ပြော၊ မဖွင့်ရင် ဒဏ်ငွေ ဆောင်ရမယ်လို့ဆို

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ဒေသဖြစ်တဲ့ လောက်ကိုင်မြို့မှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေ ပြန်လာဖွင့်ကြဖို့ MNDAA က ပြောဆိုထားတယ်လို့ လောက်ကိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ အပစ်ရပ်ပြီးနောက် လောက်ကိုင်က ဒေသခံတွေ နေရပ်ပြန်လာနေ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်(MNDAA)တို့ အပစ်ရပ်ပြီးနောက်ပိုင်း MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့နယ်ကဒေသခံအများစုဟာ နေရပ်ပြန်လာကြပြီလို့ စုံစမ်းသိရပါတယ်။

ကိုးကန့်ဒေသမှာ တိုက်ပွဲအတွင်း ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ လူထုတွေကို ခြေတု လက်တု အခမဲ့ တပ်ဆင်ပေးသွားမယ်

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့်ဒေသမှာ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ လူထုတွေကို ခြေတု လက်တု အခမဲ့ တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။