လိုင်ဇာနဲ့မိုင်ဂျာယန် တရုတ်နယ်စပ်ဂိတ် အဝင်အထွက် ပြန်ဖွင့်

ကချင်တပ်မတော်- KIO/KIA ထိန်းချုပ်ရာ လိုင်ဇာနဲ့ မိုင်ဂျာယန် တရုတ်နယ်စပ်ဂိတ်‌တွေကို မနေ့ အောက်တိုဘာ ၂၄ ရက် ညပိုင်းကစပြီး အဝင်အထွက် ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လိုင်ဇာဘက်မှာ စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ပစ်ခတ်လို့ ဈေးသည် ၂ ဦးထိ

ကချင်တပ် KIO/KIA ထိန်းချုပ်တဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက် ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီတပ်က အသေခံဒရုန်း ပစ်ခတ်လို့ ဈေးသည် ၂ ဦး ထိခိုက်ဒဏ်ရာရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လိုင်ဇာမှာ ကျောင်းသားတစ်ဦးက ရေကူးရင်း မျှောပါသေဆုံး

ကချင်ပြည်နယ် လိုင်ဇာအနီးက မုန်လိုင်ချောင်းမှာ မနေ့ အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းက ကျောင်းသားတစ်ဦး ရေကူးရင်း မျောပါသေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လိုင်ဇာမှာ မိုးသည်းထန်လို့ ရေကြီးပြန်

ကချင်ပြည်နယ်၊ KIO/ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ဒီနေ့ ဩဂုတ်လ ၁၁ ရက် မနက်ပိုင်းကစပြီး မိုးသည်းထန်လို့ ရေထပ်ကြီးနေကြောင်း ဒေသခံတွဆီက စုံစမ်းသိရပါတယ်။

လိုင်ဇာမှာ ရေကြီးမှုကြောင့် စစ်ရှောင်စခန်းနှစ်ခုကြားရှိ ဆေးပေးခန်းရေထဲမျောပါသွားလို့ အရေးပေါ်ဆေးဝါးတွေလိုအပ်နေ

ကချင်တပ်မတော်-KIO ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ရေကြီးမှုကြောင့် ဂျေယန့်နဲ့ ဖွန်လွမ်ယန်စစ်ရှောင်စခန်းနှစ်ခုကြားရှိ ဆေးပေးခန်းမှာ အရေးပေါ်ဆေးဝါးလိုအပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

လိုင်ဇာအနီး ဂျဲယန်ချောင်းတလျှောက်မှာ ရေကြီးလို့ စစ်ရှောင်စခန်းနဲ့ ရွာကနေအိမ် ၁၀၀ ကျော် ရေထဲမျောပါသွားပြီး လူ ၆ဦးထက်မနည်းလည်း မျောပါသွား

ကချင်ပြည်နယ်၊ လိုင်ဇာအနီး ဂျဲယန်ချောင်းတလျှောက်က စစ်ရှောင်စခန်းနဲ့ ရွာတွေဟာ မနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက် အစောပိုင်းက မိုးသည်းထန်စွာ ရွာတာကြောင့် ဂျဲယန်ချောင်း ရေကြီးလာလို့ နေအိမ် ၁၀၀ ကျော် ရေထဲမျောပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲကြောင့် လိုင်ဇာက KTV ဆိုင်တွေ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်

ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ လိုင်ဇာ အုပ်ချုပ်ရေးနယ်မြေအတွင်း ဖွင့်လှစ်ထားတဲ့ KTV ဆိုင်နဲ့ Melody ဆိုင်အားလုံး လက်ရှိအခြေအနေပေါ် မူတည်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားဖို့ KIO အုပ်ချုပ်ရေးဌာနက အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။

ဂျဲယန် စစ်‌ရှောင်စခန်းက ကျောင်းသူ ၃ ယောက်ကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ တရားခံကို သေဒဏ် ချမှတ်

ကချင်ပြည်နယ် လိုင်ဇာအနီး ဂျဲယန် စစ်‌ရှောင်စခန်းက ကျောင်းသူ ၃ ယောက်ကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ တရားခံကို မတ်လ ၂၉ ရက်က သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လိုင်ဇာ ဝေကြိုင် စစ်ရှောင်စခန်းက ၃ နှစ်အရွယ် ကလေးငယ်ကို စိတ်ကျန်းမာရေးချို့ယွင်းသူ အမျိုးသားက သတ်ပစ်

ကချင်ပြည်နယ် လိုင်ဇာမြို့နယ် ဝေကြိုင် စစ်ရှောင်စခန်းက ၃ နှစ်အရွယ် ကလေးကို စိတ်ကျန်းမာရေး ချို့ယွင်းသူ အမျိုးသားက မနေ့ မတ်လ ၁ ရက်က မီးရှို့ရိုက်နှက်ကာ သတ်ပစ်လိုက်ကြာင်း ဒေသခံတွေဆီက သိရပါတယ်။

လိုင်ဇာ ဂျဲယန်စစ်ရှောင်စခန်းက ပြန်ပေးဆွဲခံထားရတဲ့ ကလေးငယ် ၃ဦး သတ်ဖြတ်ခံရပြီး ပြန်ပေးဆွဲတဲ့ တရားခံတစ်ဦးကို ဖမ်းမိ

လိုင်ဇာအနီး ဂျဲယန် စစ်ရှောင်စခန်းက ပျောက်ဆုံးသွားပြီး ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီး ကလေးငယ် ၃ဦးဟာ သတ်ဖြတ်ခံရပြီး ပြန်ပေးဆွဲတဲ့ တရားခံကိုလည်း ဖမ်းမိထားကြာင်း ဒေသခံတွဆီက သိရပါတယ်။