တိုက်ပွဲကြောင့် လိုင်ဇာက KTV ဆိုင်တွေ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်

ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ လိုင်ဇာ အုပ်ချုပ်ရေးနယ်မြေအတွင်း ဖွင့်လှစ်ထားတဲ့ KTV ဆိုင်နဲ့ Melody ဆိုင်အားလုံး လက်ရှိအခြေအနေပေါ် မူတည်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားဖို့ KIO အုပ်ချုပ်ရေးဌာနက အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။

ဂျဲယန် စစ်‌ရှောင်စခန်းက ကျောင်းသူ ၃ ယောက်ကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ တရားခံကို သေဒဏ် ချမှတ်

ကချင်ပြည်နယ် လိုင်ဇာအနီး ဂျဲယန် စစ်‌ရှောင်စခန်းက ကျောင်းသူ ၃ ယောက်ကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ တရားခံကို မတ်လ ၂၉ ရက်က သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လိုင်ဇာ ဝေကြိုင် စစ်ရှောင်စခန်းက ၃ နှစ်အရွယ် ကလေးငယ်ကို စိတ်ကျန်းမာရေးချို့ယွင်းသူ အမျိုးသားက သတ်ပစ်

ကချင်ပြည်နယ် လိုင်ဇာမြို့နယ် ဝေကြိုင် စစ်ရှောင်စခန်းက ၃ နှစ်အရွယ် ကလေးကို စိတ်ကျန်းမာရေး ချို့ယွင်းသူ အမျိုးသားက မနေ့ မတ်လ ၁ ရက်က မီးရှို့ရိုက်နှက်ကာ သတ်ပစ်လိုက်ကြာင်း ဒေသခံတွေဆီက သိရပါတယ်။

လိုင်ဇာ ဂျဲယန်စစ်ရှောင်စခန်းက ပြန်ပေးဆွဲခံထားရတဲ့ ကလေးငယ် ၃ဦး သတ်ဖြတ်ခံရပြီး ပြန်ပေးဆွဲတဲ့ တရားခံတစ်ဦးကို ဖမ်းမိ

လိုင်ဇာအနီး ဂျဲယန် စစ်ရှောင်စခန်းက ပျောက်ဆုံးသွားပြီး ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီး ကလေးငယ် ၃ဦးဟာ သတ်ဖြတ်ခံရပြီး ပြန်ပေးဆွဲတဲ့ တရားခံကိုလည်း ဖမ်းမိထားကြာင်း ဒေသခံတွဆီက သိရပါတယ်။

ဂျဲယန် စစ်ရှောင်စခန်းက ကလေး ၃ ဦး ပျောက်ဆုံးနေ

ကချင်ပြည်နယ် လိုင်ဇာအနီး ဂျဲယန် စစ်ရှောင်စခန်းက ကလေး ၃ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

KIA ထိန်းချုပ်နယ်မြေ လန်ဆယ်၊ ဆဒုံး၊ လိုင်ဇာဘက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆော့လော်မြို့နယ် လန်ဆယ်၊ ကံပိုင်တည်၊ ဆဒုံးဘက်ကို မနေ့ ဖေဖော်ဝါရီ ၇ ရက်က စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးဘက်လည်း ဖေဖော်ဝါရီ ၆ ရက် ညက အသေခံ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။