ကျိုက်ထိုမြို့နယ် လက်ပံပင်သုဿာန် စစ်ဆေးရေးဂိတ်ကို KRF က ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံး
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ လက်ပံပင်သုဿာန် စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၂ ဦး သေဆုံးပြီး ၁ ဦးက ပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေး အင်အားစု- KRF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။