ကျိုက်ဒုံမှာ စစ်ကောင်စီတပ် ဗုံးကြဲလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်တချို့ ပျက်စီး
ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU က ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။