ငလျင်ကြောင့် သေဆုံးခဲ့တဲ့ ကျောက်ဆည် မူကြိုကျောင်းက ကလေး ၂၅ ဦးအပါအဝင် ၂၇ ဦးအတွက် မိသားစုဝင်တွေက အမျှဝေပေး
မန္တလေးတိုင်း ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်မှာရှိတဲ့ Bright Kids မူကြိုကျောင်းမှာ တက်နေကြတဲ့ ကလေး ၂၅ ဦးအပါအဝင် သေဆုံးသွားသူ ၂၇ ဦးအတွက် ကျန်ရစ်သူ မိသားစုဝင်တွေက အမျှဝေ အမိန့်စာပြန်တာတွေ ပြုလုပ်ပေးခဲ့ပါတယ်။