အပစ်ရပ် ကြေညာတဲ့ စစ်ကောင်စီက ကျောက်ဖြူမှာ ဒရုန်းဗုံးကြဲလို့ စစ်ရှောင်တစ်ဦး သေဆုံး

ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သက်တမ်း တိုးမြှင့်ထားတဲ့ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်လို့ ရဟန်းတစ်ပါးနဲ့ အရပ်သားတစ်ဦး သေဆုံး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကုန်ဘွေရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ ရဟန်းတစ်ပါးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဖြူ ကြတ္တိန်ရွာ ဗုံးကြဲခံရ၊ အရပ်သားတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၅၀ ကျော် ပျက်စီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကြတ္တိန်ရွာကို စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ဒရုန်းနဲ့ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးကာ ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် ၅၀ ကျော်နဲ့ စပါးကျီ မီးလောင်ပျက်စီးခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်၊ ဦးကင်းရွာ ဒရုန်း ဗုံးကြဲခံရပြီး ရွာလုံးကျွတ် မီးလောင်ပြာကျ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဦးကင်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ ရွာလုံးကျွတ် မီးလောင်ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။