ကျောက်ဖြူမြို့နယ်မှာ လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်နှစ်ဦး ထပ်မံ သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းအပါအဝင် လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အမျိုးသမီးနှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကျောက်ဖြူမှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်နှစ်ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (ULA/AA) နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်က စစ်ဘေးရှောင် နှစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လူအစုလိုက်အပြုံလိုက် သေစေခဲ့တဲ့ မြောက်ဦး ဗုံးကြဲမှုအပြီး နောက်တစ်ရက် ကျောက်ဖြူမြို့နယ်ကိုလည်း လေကြောင်းကနေ ထပ်မံဗုံးကြဲ တိုက်ခိုက်လို့ ၈ ဦးသေဆုံး၊ ၈ ဦးထက်မနည်း ဒဏ်ရာရ

အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့ ဆေးရုံကို ဗုံးကြဲပြီး နောက်တစ်ရက် ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ထဲကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ လေကြောင်း တိုက်ခိုက်လို့ အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ကုန်ဘွေရွာကို စစ်ကော်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတွေအပါအဝင် ၅ ဦး သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကျောက်ဖြူ ဇင်ချောင်းရွာခံ ၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ရွာ ဘုန်းကြီးကျောင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ရှောင် သံဃာတော် ၁ ပါး ဒဏ်ရာရ

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၁ ပါး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အပစ်ရပ် ကြေညာတဲ့ စစ်ကောင်စီက ကျောက်ဖြူမှာ ဒရုန်းဗုံးကြဲလို့ စစ်ရှောင်တစ်ဦး သေဆုံး

ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သက်တမ်း တိုးမြှင့်ထားတဲ့ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်လို့ ရဟန်းတစ်ပါးနဲ့ အရပ်သားတစ်ဦး သေဆုံး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကုန်ဘွေရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ ရဟန်းတစ်ပါးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဖြူ ကြတ္တိန်ရွာ ဗုံးကြဲခံရ၊ အရပ်သားတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၅၀ ကျော် ပျက်စီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကြတ္တိန်ရွာကို စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ဒရုန်းနဲ့ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးကာ ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် ၅၀ ကျော်နဲ့ စပါးကျီ မီးလောင်ပျက်စီးခဲ့ပါတယ်။