စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုမြို့နယ်က ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ၂ ပါး ဒဏ်ရာရ

မွန်ပြည်နယ် ‌ကျိုက်ထိုမြို့နယ်ထဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုန်းကြီးတစ်ပါး ပွဲချင်းပြီး ပျံလွန်တော်မူပြီးတော့ ၂ ပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။