ကွတ်ခိုင် ကောင်းခါးမြို့သစ်မှာ ရေနစ်ပျောက်ဆုံးသွားတဲ့ ကျောင်းသားရဲ့ ရုပ်အလောင်းပြန်တွေ့

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ် ရေလှောင်တမံမှာ ရေနစ်သေဆုံးသွားတဲ့ ကျောင်းသားရဲ့ ရုပ်အလောင်းကို ပြန်တွေ့ပြီလို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ကွတ်ခိုင်မြို့နယ် ဟိုခိုကျေးရွာမှာ SSPP တပ်သားအချင်းချင်းပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအုပ်စု ဟိုခိုကျေးရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်သားအချင်းချင်း ပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးနေ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) က အသက် ၅ နှစ်အောက် ကလေးတွေကို မနေ့ ဒီဇင်ဘာ ၉ ရက်ကနေ မနက်ဖန် ၁၁ ရက်နေ့အထိ ၃ ရက်တိတိ ကာကွယ်ဆေး ထိုးပေးသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ကွတ်ခိုင် စစ်ရှောင်စခန်းတစ်ခုက အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရွှေလီဘက်အလုပ်သွားလုပ်ရာကနေ အဆက်အသွယ် ပြတ်တောက်နေပြီး လူကုန်ကူးခံရမှာကို စိုးရိမ်နေ

ကွတ်ခိုင်မြို့နယ်ရှိ လွယ်မှုန်ဆာ စစ်ရှောင်စခန်းမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ဟာ တရုတ်ပြည် ရွှေလီဘက်အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားရာကနေ လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ပအေဲမ်ကိုက် ခေဲင်ကဲအီႎိူဝ်ႈလာ်ဒါကဘေဲမ် ဒဝ်ဟာဝ်းကဲနီန် ကဲႎီရ်ဘိူန်းတိုည်း 6 အီး

ဖုင်ဆျှိုည်ဖီမျေကဲ တခေါရ်နံပ် ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ပကီုင်းအေဲမ်ကိုက် ခေဲင်ကဲအီႎိူဝ်ႈလာ်ဒါကဘေဲမ် ဒဝ်ဟာဝ်းကဲနီန် ကဲႎီရ်ဘိူန်းတိုည်း 6 အီး။

ကွတ်ခိုင် နမ့်ဖက်ကာက လင်မယားနှစ်ဦး လယ်ကနေ ပြန်လာနေချိန် ဓားခုတ်ခံရ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာက လင်မယားနှစ်ဦးဟာ လယ်ယာကနေ ပြန်လာနေချိန် ဓားခုတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်‌ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကွတ်ခိုင်မှာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေထဲက ၆ ဦးကို ပြန်ဖမ်းမိ

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့က အချုပ်ခန်းကနေ ထွက်​ပြေးသွားတဲ့ အကျဥ်းသားတွေထဲက ၆ ဦးကို ပြန်ဖမ်းမိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကွတ်ခိုင်မှာ ထောင်ဖောက်ပြေးသွားသူတွေထဲမှာ သက်ငယ်မုဒိန်းကျူးလွန်သူ ၂ ဦးပါဝင်

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ညက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားခဲ့တဲ့ အချုပ်သား ၃၇ ဦးထဲမှာ သက်ငယ်မုဒိန်းကျူးလွန်ခဲ့တဲ့ အမျိုးသား ၂ ဦး ပါဝင်တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကွတ်ခိုင်မြို့မှာ ဖြစ်ပွားတဲ့ ပြန်ပေးဆွဲမှုအတွင်း ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်ပတ်သက်နေကြောင်း ကျူးလွန်ခံရသူ စွပ်စွဲ၊ အထူးစုံစမ်းရေးကော်မတီ ဖွဲ့စည်းပြီး အရေးယူပေးဖို့ တောင်းဆို

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှုအတွင်း တအာင်းတပ်ရဲ့ ကွတ်ခိုင်ရဲတပ်ဖွဲ့တချို့ ပါဝင်ပတ်သက်နေကြောင်း ကျူးလွန်ခံရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကောန်ကညောမ်အီအာဝ်မိူဝ်ႈကူန်မာ ပ်ုန်မဲႈယံမ်း တံပ်ကိုကာင်ကဲ ကံပ်ရောတ်ကဇေန်နီး ညှံမ်ဘိူန်းစိ ပ်ုန်က‌ဇောည်

ဒီဘိူန်းတံပ်ဆီုက်တအာင်း PSLF/TNLA ကဲတထိင်ခြဲ ပကပီုန်ဆျှံမ်ကဒါႇပိူည် ခေဲင်ကီုင်းအေဲမ်ကိုက်နီန် ကောန်ကညောမ်အီအာဝ်မိူဝ်ႈကူန်မာ ပ်ုန်တိုည်းမဲႈယံမ်းဟာဝ်း ကောန်ဆီုက်တံပ်ကိုကာင် MNDAA ကဲအီရဲ့ဝါင်းပိုႈနီန် ကံပ်ရောတ်ကဇေန်နီး ကဲညှံမ်ဒေဲႈက‌ဇောည်စိအောႏ။