ကွတ်ခိုင်မှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဟူးဒဲ့ကျေးရွာက အသက် ၄၀ အရွယ် တာထွန်းဆိုင်ဟာ တောထဲ ထင်း သွားခုတ်ရင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရှမ်းမြောက်မှာ တစ်လအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်း၊ ကွတ်ခိုင်နဲ့ သီပေါမြို့နယ်မှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အရပ်သား ၇ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ကွတ်ခိုင်-တာမိုးညဲလမ်း ပြင်နေတာကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နဲ့ ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ တာမိုးညဲမြို့သို့သွားတဲ့ လမ်းပိုင်း ပြုပြင်နေတာကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီ ပိတ်ထားပါတယ်။