ကင်းတား၊ ကြက်မောက်တောင်နဲ့ မုန်တိုင်ဆည်တွေ ရေကြီးရေလျှံမှုဖြစ်လာ၊ ကားလမ်းတွေ ရေကျော်လို့ လမ်းပိတ်နေ

မန္တလေးတိုင်း ကူမဲ၊ မိတ္ထီလာနဲ့ ကျောက်ပန်းတောင်းမြို့နယ်က ကင်းတား၊ မုန်တိုင်နဲ့ ကြက်မောက်တောင်ဆည်မှာ ရေကြီးရေလျှံမှု ဆိုးဆိုးရွားရွား ရှိနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။