ကော့ကရိတ်နယ်မှာ ဗုံးကြဲခံရလို့ ကလေး ၃ ဦးအပါအဝင် ၅ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ ကော့ကရိတ်မြို့နယ်က နေအိမ်စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ကလေး ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ကော့ကရိတ်ရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။