ကောလင်းမြို့နယ် အင်ပင်လှရွာ စာသင်ကျောင်း ဗုံးကြဲခံရ၊ အမျိုးသမီးငယ် ၁ ဦး သေဆုံး၊ ၃ ဦး ပြင်းထန် ဒဏ်ရာရ
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်း အင်ပင်လှရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။