ကောလင်းမြို့နယ် ဖလဲရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဖလဲရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း (၁) မှ တာဝန်ရှိ ရဲဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကောလင်းမြို့နယ် ကညို့အင်းရွာ လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်း ကညို့အင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကောလင်းမြို့ အရှေ့တောင်ဘက် ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ဒေသခံအမျိုးသမီး ၁ ဦးကို ပစ်သတ်သွား

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ကနေ ကောလင်းမြို့ အရှေ့တောင်ဘက် ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ဒေသခံအမျိုးသမီး ၁ ဦးကို ပစ်သတ်ခဲ့တယ်လို့ ကောလင်းဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

ကောလင်းနဲ့ မတ္တရာမှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ တစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကောလင်းနဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲ လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ကောလင်းမြို့နယ် ညောင်ကုန်းရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး အရပ်သား ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ခြမ်း ညောင်ကုန်းရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး အရပ်သား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကောလင်းမြို့ လျှော်ဖြူကုန်းရွာ လေကြောင်းနဲ့ ထပ်မံ တိုက်ခိုက်ခံရ၊ စစ်ရှောင်အမျိုးသမီး ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့ တောင်ဘို့လှအုပ်စု လျှော်ဖြူကုန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ Kawlin Info က ထုတ်ပြန်လာပါတယ်။

ကောလင်းမြို့နယ် အင်ပင်လှရွာ စာသင်ကျောင်း ဗုံးကြဲခံရ၊ အမျိုးသမီးငယ် ၁ ဦး သေဆုံး၊ ၃ ဦး ပြင်းထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်း အင်ပင်လှရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။