၂၈ နှစ်ကြာ စစ်ကောင်စီတပ် သိမ်းပိုက်ထားတဲ့ ထီးကပလယ် တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ ပြန်လည်သိမ်းပိုက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းက ထီးကပလယ် တပ်စခန်းကို ၂၈ နှစ်အကြာမှာ ကရင်တပ်မတော်- KNU/KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သင်္ကြန်အကြတ်နေ့ ကော့ကရိတ်မြို့နယ် ကမ်းနီရွာ ဗုံးကြဲခံရ၊ အရပ်သား ၆ ဦး သေဆုံးပြီး သံဃာအပါအဝင် ၁၇ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က YAK-130 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦး သေဆုံးပြီး သံဃာအပါအဝင် ၁၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ကော့ကရိတ်က ကျေးရွာတွေကို စစ်‌ကောင်စီတပ်က နှစ်ရက်ဆက်တိုက်လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။