ကန်ပက်လက်မြို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၅ လုံးအပါအဝင် အစိုးရအဆောက်အဦး ၂၀ လုံး ပျက်စီး

ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနေအိမ် ၅ လုံးအပါအဝင် အစိုးရအဆောက်အဦး ၂၀ လုံး ပျက်စီးခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် (ပကဖ)က မနေ့ ဧပြီ ၂ ရက်က ထုတ်ပြန်ပါတယ်။