ကနီမှာ လေကြောင်းကနေ ဗုံး ၃ ကြိမ် တိုက်ခိုက်ခံရတာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် မင်းအိုရွာအနီးက ယာခင်းတစ်ခုထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ကိုဂျိုးဖြူက ရွှေဖီမြေကို ပြောပါတယ်။

ကနီမြို့နယ် ဝင်းမနားရွာက ဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ လူနာ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့မြောက်ခြမ်း ဝင်းမနားရွာက ဆေးရုံတစ်ခုကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာ ၈ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ကိုဂျိုးဖြူက ရွှေဖီမြေကို ပြောပါတယ်။

ကနီနယ် ချောင်းမကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်၊ စစ်ကောင်စီဘက် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမကျေးရွာထဲမှာ တစ်ပတ်အကြာ တပ်လာစွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ချင်းတွင်းနွေဦးတော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးသွားခဲ့ပြီး ၄ ဦးကို အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။

ကနီမှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လို့ ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမရွာမှာ အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လို့ ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ စက်တင်ဘာလ ၁၂ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

ကနီမြို့နယ် ချောင်းမရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်၊ လူ ၅ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramoter)နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ် မုဌောရွာကို လေကြောင်းကနေ ဗုံးကြဲ၊ သံဃာ ၁ ပါးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် မုဌော (အရှေ့)ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ သံဃာတော် ၁ ပါးနဲ့ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ် နတ်လာဘို့ရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲ၊ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် နတ်လာဘို့ မြောက်ရွာကို စစ်ကောင်စီက စက်တပ်လေထီး (Paramoter)နဲ့ ဗုံးကြဲချမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်က ကလေးငယ် ၃,၃၀၀ ကို သန်ချဆေး တိုက်ကျွေး၊ ဆေးဝယ်ရခက်တာကြောင့် ကလေးငယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းသာ ဆေးတိုက်ပေးနိုင်ခဲ့

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀ က ကလေးငယ် ၃,၃၀၀ ကို သန်ချဆေး တိုက်ကျွေးခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။