အင်းတော်ကြီး နန့်မွန်းရွာမှာ စစ်ကောင်စီ ပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲ ဖြစ်၊ စစ်တပ်ဘက်က ၅ ဦး သေဆုံး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးအနီး ဆနွင်းကုန်းကျေးရွာအုပ်စု နန့်မွန်းစုစည်းရွာနဲ့ အင်းသာရွာဘက် ဒီနေ့ ဧပြီ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်၊ ရှမ်းနီပူးပေါင်းတပ်နဲ့ KIA, PDF လှည့်ကင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၅ ဦး သေဆုံးခဲ့ကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။