အင်းတော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားနဲ့ သုံ့ပန်းအချို့ဖမ်းဆီးရရှိထား

စ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရမိထားကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မန္တလေး-မြစ်ကြီးနား လမ်းမပေါ်ရှိ အင်းတော်မြို့ကို KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်

စစ်ကိုင်းတိုင်း မန္တလေး-မြစ်ကြီးနား လမ်းမပေါ်ရှိ အင်းတော်မြို့ကို မနေ့ ဧပြီ ၇ ရက် ညပိုင်းမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကချင်တပ်မတော်လည်း ၃ ပတ်ကြာ အပစ်ရပ်၊ အပစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်က အင်းတော်မြို့နယ်ထဲ လေကြောင်းနဲ့ တိုက်ခိုက်နေ

ကချင်တပ်မတော်- KIO/KIA ကလည်း ၃ ပတ်ကြာ အပစ်အခတ် ရပ်စဲမှာဖြစ်ကြောင်း မနေ့ ဧပြီ ၂ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

အင်းတော်ကို လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား‌ သေဆုံးဒဏ်ရာရသူ ရှိနေ

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲ မနေ့ ဧပြီ ၁ ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သေဆုံးဒဏ်ရာရသူ ရှိ‌နေကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကသာမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ် ၃၃ ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဘက်က ၂ ဦး ကျဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်နဲ့ ကသာမြို့နယ်အစပ် ပင်လွတ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော် KIA၊ KPDF၊ ကသာခရိုင် တပ်ရင်း (၁)၊ မိုးတားတိုက်နယ် ပကဖ နဲ့ ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃၃ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဘက်က ၂ ဦး ကျဆုံးခဲ့ရကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ မတ်လ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။