သီပေါမြို့ရှိ မိဘမဲ့ဂေဟာက ကလေးငယ် အယောက် (၁၀၀) ကျော်အတွက် စားဝတ်နေရေး အကူအညီတွေ လိုအပ်နေ
လက်ရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့က မိဘမဲ့ဂေဟာတွေမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ နှလုံးသားပရဟိတ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ နေဇော်ထွန်းက ရွှေဖီမြေကို ပြောပါတယ်။