Browsing Tag
Hsipaw
22 posts
သီပေါမြို့အဝင် မုခ်ဦးကို ပြုပြင်ဖို့ ဗဟိုကော်မတီက ညွှန်ကြားထားတာ မရှိဘူးလို့ TNLA ပြော၊ မူလအတိုင်း ပြန်လည် ပြုပြင်နေပြီလို့ဆို
ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေ ကန့်ကွက်နေတဲ့ ရှမ်းမြောက် သီပေါမြို့အဝင် မုခ်ဦးကို ပြုပြင်တဲ့ကိစ္စမှာ ဗဟိုကော်မတီက ညွှန်ကြားထားတာ မရှိဘူးလို့ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။
သီပေါမြို့အဝင် မုခ်ဦးမှာ ပါရှိတဲ့ ရှမ်းပြည်အလံနဲ့ ရှမ်းစာသားကို ပြောင်းလဲပြုပြင်တဲ့အပေါ် ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေ ကန့်ကွက်
တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့အဝင် မုခ်ဦးမှာ ပါရှိတဲ့ ရှမ်းပြည်အလံနဲ့ ရှမ်းစာသားကို ပြောင်းလဲပြုပြင်တဲ့အပေါ် ရှမ်းအရပ်ဖက် အင်အားစုက ကန့်ကွက်ကြောင်း မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ကြေညာချက် ထုတ်ပြန်လာပါတယ်။
သီပေါမှာ ဓားပြတိုက်မှုနဲ့ အဓမ္မ ပြုကျင့်မှု ကျူးလွန်ခဲ့သူ ၃ ဦးကို TNLA ဖမ်းမိ
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်မှာ အဓမ္မပြုကျင့်မှုနဲ့ ဓားပြတိုက်မှု ကျူးလွန်ခဲ့သူ ၇ ဦးထဲက အမျိုးသား ၃ ဦးကို ဖမ်းမိခဲ့ကြောင်း TNLA က မနေ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။