ဆီဆိုင်မှာ PNLA တပ်သား ၅ ဦးကို PNO က ဖမ်းဆီးသတ်ဖြတ်

ရှမ်းတောင် ဆီဆိုင်မြို့နယ်မှာ ပအိုဝ်းတပ်မတော်- PNLA ရဲ့ တပ်သား ၅ ဦးကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

တိုက်ပွဲမဖြစ်ဘဲ ဆီဆိုင်မြို့နယ်ကို ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ (Edit- 7:25 PM)

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ်ထဲ ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး တစ်ဦးက ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဆီဆိုင်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းတောင် ဆီဆိုင်မြို့မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်‌တာကြောင့် ဒေသခံတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချခဲ့လို့ ထီစုံရွာက နေအိမ် ၂ လုံး မီးလောင်ပျက်စီး

ရှမ်းတောင် ဆီဆိုင်မြို့နယ် ထီစုံကျေးရွာထဲ စစ်ကောင်စီတပ်က ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲချတိုက်ခိုက်လို့ နေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပအိုဝ်းတပ်မတော်- PNLA က ဒီနေ့ ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။