သိန္နီမြို့မှာ စက်သုံးဆီတင်တဲ့ ကားတွေကို MNDAAက ငွေ သိန်းရာချီနီးပါး အခွန်ကောက်ခံလို့ ဆီကားတွေပိတ်နေ၊ သိန္နီအထက်က မြို့တွေ ဆီစျေး မြင့်တက်လာနိုင်

ကိုးကန့်တပ် (MNDAA)ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်မှာ ဆီတင်တဲ့ ကားတွေကို ကိုးကန့်တပ်က အခွန်ကောက်ခံနေပြီး ဆီတင်တဲ့ ၁၂ဘီးကား ၁စီးကို သိန်း ၁၀၀နီးပါးထိ ကောက်ခံနေတာကြောင့် ဆီကားတွေ ပိတ်မိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

သိန္နီ ဆိုင်းခေါင်ရွာခံတွေ စိုက်ထားတဲ့ ၁ ဧကခန့်ရှိ ဘိန်းခြံကို TNLA သွားရောက်ဖျက်ဆီး (Edit- 10:17 PM)

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ် ဆိုင်းခေါင်ရွာက ရွာခံတွေ ခိုးစိုက်တဲ့ ၁ ဧကဝန်းကျင်ရှိတဲ့ ဘိန်းခြံကို TNLA က သွားရောက် ဖျက်ဆီးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လားရှိုးနဲ့သိန္နီကြားမှာ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရ၊ သိန်း ၄ဝ ကျော် ပါသွား

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့ သိန္နီမြို့နယ်ကြားက နားဆော့ရွာအနီးမှာ အသက် ၄ဝ အရွယ် အမျိုးသမီးတစ်ဦး ဓားပြ တိုက်ခံရပြီး တရုတ်ငွေ ယွမ် ၇ ထောင် (ကျပ်သိန်း ၄ဝ ကျော်) ပါသွားပါတယ်။

သိန္နီမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။