Browsing Tag
Hsenwi
14 posts
သိန္နီမှာ ထွက်ပြေးလို့ဆိုပြီး အုမ္မလီရွာခံတစ်ဦးကို ကိုးကန့်တပ်က ပစ်ခတ်လို့ ဒဏ်ရာရ
MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့ ဖာတဲကျေးရွာမှာ စစ်ဆေးမှုပြုလုပ်နေချိန် ကွတ်ခိုင်မြို့နယ် အုမ္မလီရွာခံတစ်ဦးက ထွက်ပြေးလို့ဆိုပြီး ကိုးကန့်တပ် MNDAA က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖာတဲဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ်တွေ ပြန်ဆုတ်မယ်လို့ သတင်းထွက်နေတဲ့ သန္နီမြို့မှာ တရုတ်လူမျိုးတွေက အိမ်ခန်းနဲ့ မြေကွက်တွေ ငှားပြီး ဝင်ရောက်နေထိုင်နေ
စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့ထဲကို တရုတ်လူမျိုးတွေက ဝင်ရောက်နေထိုင်တာတွေ ရှိနေတယ်လို့ သိန္နီဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ကျိုးကျသွားတဲ့ သိန္နီတံတားကို MNDAA က မူလအတိုင်း ပြန်လည်ပြုပြင်ပြီးစီး
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတုန်းက ကျိုးကျသွားခဲ့တဲ့ ရှမ်းမြောက် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ သိန္နီမြို့အဝင် သိန္နီတံတားကို ကိုးကန့်တပ်မတော်-MNDAA တပ်က ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီလို့ ဒေသခံတွေက ရွှေဖီမြေကိုပြောပါတယ်။
သိန္နီမြို့မှာ ကုန်ကားသမားတွေထံ ကုန်စည်ခွန်ဆိုပြီး MNDAA က ငွေသိန်း ကျပ် ၃၀ အထိ တောင်းနေတာတွေ ရှိနေ၊ တိကျတဲ့ သတ်မှတ်ချက်မရှိလို့ ဂိတ်စောင့်တွေ လိုသလောက်တောင်းသလို ဖြစ်နေ
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ ကုန်စည်တင်တဲ့ကားတွေကို ကိုးကန့်တပ်က ငွေသိန်း ကျပ် ၃၀ အထိ အခွန်ကောက်ခံနေကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သိန္နီမြို့မှာ ယာယီယာဥ်မောင်းနှင်ခွင့်ကတ်ပြားကို ရှောင်တခင် စစ်ဆေးဖမ်းဆီးနေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရ
ကိုးကန့်တပ်မတော် – MMDAA ထိန်းချုပ်ဒေသဖြစ်တဲ့ သိန္နီမြို့တံတားမှာ ယာယီယာဥ်မောင်းနှင်ခွင့်ကတ်ပြား မရှိတဲ့ယာဥ်တွေကို ရှောင်တခင် စစ်ဆေးဖမ်းဆီးနေတာကြောင့် ဒေသခံတွေ အခက်ခဲကြုံနေရတယ်လို့ ရွှေဖီမြေ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
သိန္နီမြို့မှာ စက်သုံးဆီတင်တဲ့ ကားတွေကို ကိုးကန့်တပ်က ငွေ အဆမတန် ကောက်ခံနေတာကြောင့် ဆီတင်ကားတွေ ယာယီရပ်နားထားရ
ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့အထွက် တိုးဂိတ်မှာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်က ဆီတင်တဲ့ ၁၂ ဘီးကား ၁စီးကို ကိုးကန့်တပ်က သိန်း ၁၀၀နီးပါးထိ ငွေ အဆမတန် ကောက်ခံနေတာကြောင့် လက်ရှိမှာ စက်သုံးဆီတင်ကားတွေ ယာယီရပ်နားထားရတယ်လို့ ရွှေဖီမြေမှ စုံစမ်းသိရှိရပါတယ်။