ဖားကန့်မှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး၊ အလောင်း မရှင်းနိုင်သေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူသို့သွားတဲ့ လမ်းပေါ်ရှိ ယူမာရွာ အဲဗားဝင်းနား ကုမ္ပဏီရှေ့မှာ အမျိုးသားတစ်ဦး မိုင်းနင်းမိရာကနေ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသမှာ တိုက်ပွဲ ဖြစ်ပွါးနေပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း ဒေသခံ‌ ထိမှန်သေဆုံးတာတွေရှိ

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မနေ့ ဇူလိုင်လ ၁၂ ရက်နေ့ညတိုက်ပွဲ ဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း ဒေသခံ‌တွေ ထိမှန်သေဆုံးမှုရှိကာ နေအိမ် မီးလောင်တာတွေလည်း ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မြစ်ကြီးနား-တနိုင်းကြား လီဒိုလမ်းမပေါ်က ခွန်စိုင်ယာန် စစ်ကောင်စီစခန်းကို KIAနဲ့ပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်း ၃ ဦး ဖမ်းမိ

မြစ်ကြီးနား – တနိုင်းကြား၊ လီဒိုလမ်းမပေါ်ရှိ ခွန်စိုင်ယန် စစ်ကောင်စီ နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ကချင်တပ်မတော်-KIA နဲ့ ပူးပေါင်း တပ်ဖွဲ့သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦး လက်နက်နဲ့ အတူဖမ်းဆီး ရမိထားကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖားကန့်မှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မနေ့ ဇူလိုင်လ ၁၁ ရက်က စစ်ကောင်စီတပ်နဲ့ KIA၊ပူးပေါက်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့် လုံးခင်းမှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ထပ်မံပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာမှာ ဒီနေ့ ဇူလိုင် ၁၀ ရက် နေ့လည် ၁၂ နာရီခွဲက အမျိုးသားတစ်ဦး သေနတ်နဲ့ ထပ်မံပစ်သတ်ခံရတယ်လို့ ဖားကန့်‌မြို့မှာ‌နေတဲ့ Tarlin Mgက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်ဘက် စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ က ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်ဘက် စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်တပ်မတော်-KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ကြား ဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖားကန့်မှာ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားလာ၊ အရပ်သားသေဆုံးမှုရှိပြီး သဂြိုလ်ပေးနိုင်ခြင်းမရှိသေး

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဇူလိုင်လ ၄ ရက်နေ့ကစ တိုက်ပွဲ နေ့စဉ်ဆက်တိုက် ဖြစ်ပွါးလာနေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ လက်နက်ကြီးကျလို့ ဒေသခံ နှစ်ဦး သေဆုံး ၁၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရတနာမြေစာပုံ(အမှိုက်ပုံ)ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့် လုံးခင်းမှာ တိုက်ပွဲဖြစ်လာလို့ ကျောက်ဝိုင်းက လူတွေ ဖရိုဖရဲ ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းမှာ မနေ့ ဇူလိုက်လ ၂ ရက်နေ့ ညနေပိုင်းမှာ တိုက်ပွဲ ဖြစ်လာလို့ ကျောက်ဝိုင်းက လူတွေ ဖရိုဖရဲ ဖြစ်သွားခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ထပ်မံပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မရှီကထောင်ရပ်ကွက်မှာ အမျိုးသားတစ်ဦးက သေနတ်နဲ့ ထပ်မံပစ်သတ်ခံရတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။